Other Sports: စက်ဘီးမှောက်ပြီး သေဆုံးခဲ့သည့် စက်ဘီးသမားကို ပိတ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုနှုတ်ဆက်

, updated

အီရန်စက်ဘီးသမား ဂိုလ်ဘာနက်ဇ်ဟက်က ပြိုင်ပွဲဝင်နေစဉ် စက်ဘီးမှောက်ခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ် ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဘရာဇီးစံတော်ချိန် စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

play

 

ဖွင့်ပွဲအခမ်းအနားတွေ ထုံးစံအတိုင်း တေးသီချင်းတွေ၊ အကတွေထည့်သွင်းခဲ့ပြီး ပြိုင်ပွဲမှာ သေဆုံးခဲ့ရတဲ့ အီရန်စက်ဘီးသမားကိုလည်း ဂုဏ်ပြုနှုတ်ဆက်တဲ့ အစီအစဉ် ထည့်သွင်းခဲ့တာလို့ သိရပါတယ်။ အီရန်မသန်စွမ်း စက်ဘီးအားကစားသမား ဂိုလ်ဘာနက်ဇ်ဟက်ဟာ ပြီးခဲ့တဲ့ စနေနေ့က စက်ဘီးမှောက်ပြီးနောက် နှလုံးရောဂါခံစားရကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှာ  အိမ်ရှင်လုပ်မယ့် တိုကျိုအစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

play

 

၁၉၆၀ ခုနှစ် ရောမမြို့ အိုလံပစ်ပြိုင်ပွဲမှာ ဒိန်းမတ်စက်ဘီးကအားကစားသမား ယန်ဆင် သေဆုံးပြီးနောက်ပိုင်း အခု အီရန်စက်ဘီးသမား ဂိုလ်ဘာနက်ဇ်ဟက်ဟာ အိုလံပစ်သို့မဟုတ် မသန်စွမ်းပြိုင်ပွဲအတွင်း ပထမဆုံးသေဆုံးတဲ့ ကစားသမား ဖြစ်လာပါတယ်။

play

 

ရီယိုမသန်စွမ်းအိုလံပစ် ပြိုင်ပွဲမှာ တရုတ်က ရွှေတံဆိပ် ၁၀၇ ခုနဲ့ အများဆုံး ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဂရိတ်ဗြိတိန်နဲ့ ယူကရိန်းက အစဉ်လိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ