Other Sports: မန်ချက်စတာမှာ ဘောလုံးကစားချင်တယ်ဆိုတဲ့ ဘရာဇီး တင်ပါးအလှမယ်

မော်ဒယ်အလုပ်တွေ မလုပ်တော့တဲ့အခါ ဘောလုံးကစားချင်တယ်လို့ဆိုပါတယ်။

play

 

ဘရာဇီးမှာနေထိုင်တဲ့ တင်ပါးအလှမယ် မစ္စဘမ်ဘမ်းက ဥရောပဘောလုံးကလပ်အသင်း တစ်သင်းသင်းမှာ ဘောလုံးကစားချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

play

 

ဘာစီလိုနာနဲ့ မက်ဆီရဲ့ အမာခံပရိသတ်မစ္စဘမ်ဘမ်းက ဘောလုံးအားကစားကို အရူးအမူး  ဝါသနာပါသူလည်းဖြစ်ပါတယ်။ သူမနဲ့ သင့်တော်မယ့် ကလပ်အသင်း တစ်သင်းသင်းတွေ့ခဲ့မယ်ဆိုရင် အဲဒီနေရာကိုပြောင်းရွှေ့အခြေချပြီး ဘောလုံးကစားချင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

play

 

အမျိုးသမီးဘောလုံးအသင်းတွေများပြားတဲ့ ဥရောပမှာ သွားကစားချင်ပြီး လန်ဒန်ကလပ်အသင်းတွေမှာလည်း ကစားချင်တယ်လို့ ဆိုပါတယ်။ မော်ဒယ်အလုပ်က အနားယူတဲ့အခါ အပျော်တမ်းအဆင့် ဘောလုံးကစားမှုနဲ့ ဆက်ပြီး အလုပ်လုပ်သွားချင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လိုသာ စိတ်ကြိုက်ရွေးချယ်ခွင့်ရမယ်ဆိုရင် နည်းပြမော်ရင်ဟိုရဲ့ မန်ချက်စတာအသင်းကို သွားရောက် ကစားချင်ကြောင်း ပြောလာပါတယ်။

play

 

ပရော်ဖက်ရှင်နယ်ကစားဖို့ထက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့ ကစားချင်တာဖြစ်ကြောင်း မစ္စဘမ်ဘမ်းက ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ