Other Sports: အမေရိကန်ဘောလုံးအားကစားပွဲမှာ ဘောလုံးဖမ်းဖို့ ကြိုးစားတဲ့အမျိုးသမီး မျက်နှာဘောလုံးမှန်

ဘောလုံးဖမ်းရတာ လွယ်မယ်လို့ သူမထင်ခဲ့တာပါ။

play


အမေရိကန်ဘောလုံး အားကစားပွဲမှာ အသုံးပြုတဲ့ ဘောလုံးကို အလွယ်တကူ ဖမ်းလို့ရမယ်လို့ ထင်ခဲ့မိတဲ့ အမျိုးသမီးဟာ နာနာကျင်ကျင် ခံစားခဲ့ရပါတယ်။

play


ကွင်းထဲထွက် လွင့်ပျံထွက်လာတဲ့ ဘောလုံး(soccer ball မဟုတ်) ကို သူမဟာ ဖမ်းမိနိုင်မယ်လို့ ယုံကြည်ခဲ့တာပါ။ လီအီရှားနား ပြည်နယ်နဲ့ အော်ဘန်းတိုက်ဂါး အသင်းတို့ရဲ့ပွဲစဉ်ကို လာကြည့်တဲ့ အမျိုးသမီးငယ်ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းထဲမှာတော့ ကွင်းထဲက အရှိန်နဲ့ထွက်လာတဲ့ဘောလုံးဆီက သူမဟာ အပြေးတပိုင်းသွားပြီး ဖမ်းခဲ့တာဖြစ်ပါတယ်။

play


" ငါဖမ်းနိုင်တယ်" လို့ပြောပြီးဘောလုံးကို လက်နှစ်ဖက်နဲ့ ပြေးဖမ်းခဲ့ပေမဲ့ ဘောလုံးဟာ သူမရဲ့မျက်နှာတည့်တည့်ကိုသာ မှန်သွားခဲ့တာပါ။ အဲဒီနောက် သူမလည်းပြင်းထန်တဲ့ဝေဒနာနဲ့အတူ ကွင်းထဲမှာ လဲကျသွားတဲ့မြင်ကွင်းကိုပါ တွေ့လိုက်ရပါတယ်။

ဒီသင်ခန်းစာအရ သူမဟာ နောက်တစ်ခါဆိုရင်တော့ အမေရိကန်ဘောလုံးအားကစားပွဲက ဘောလုံးတွေကို အလွယ်တကူ ဖမ်းရဲတော့မှာ မဟုတ်ပါဘူး။ သူဘောလုံးမှန်သွားတဲ့ ဗီဒီယိုဖိုင်ကလည်း အင်တာနက်လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ