Other Sports: ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် မတော်တဆမှုဖြစ်ပွားခဲ့

ကံကောင်းထောက်မစွာနဲ့ပဲ လူတွေဘေးကင်းခဲ့ကြပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ မြေပြင်ကိုဆင်းသက်စဉ်မှာ မတော်တဆတိုက်မိခဲ့တယ်လို့ သိရပါတယ်။

play

 

တနင်္လာနေ့ ညနေပိုင်းက ဘာစီလိုနာမြို့ရှိ အယ်လ် ပရတ်လေဆိပ်ကို ဆင်းသက်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။ လေယာဉ်ရဲ့အဆင်းဂီယာ ကျိုးသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကြောင့် ပြေးလမ်းကိုပါ ပိတ်ခဲ့ရတယ်လို့ သတင်းတွေမှာရေးသားထားပါတယ်။

play

 

အန္တရာယ်များလှတဲ့ အခိုက်အတန့်မှာ လေယာဉ်ပိုင်းလော့ ဒဏ်ရာအသေးအမွှားရသွားခဲ့တာကလွဲရင် အားလုံးဘေးကင်းခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုလည်း လေယာဉ်ပေါ်မှာ မလိုက်လာတာ ကံကောင်းသွားတာပါပဲ။ မတော်တဆမှုဖြစ်ချိန်က ဒိုလေးဟာ ဂျာမနီကိုရောက်နေခဲ့တာပါ။ Gulfstream G200 အမျိုးအစား ဂျက်လေယာဉ်ကို ပြီးခဲ့တဲ့နှစ်ကမှ ပေါင် ၁၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ