Other Sports: ဘောလိဝုဒ်သရုပ်ဆောင်နဲ့ ညစာအတူထွက်စားတဲ့ ဘယ်လာရင်

, updated

ဘောလိဝုဒ်စတား ဂက်ပ်စတာဟာ အာဆင်နယ်ပရိသတ်စစ်တစ်ဦးဖြစ်ပါတယ်။

play

 

ဒီရာသီ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဘယ်လာရင်ရဲ့အကြောင်းဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါပြီ။ ဘောလိဝုဒ်အနုပညာလောကရဲ့ ကြယ်ပွင့်သရုပ်ဆောင်ဖြစ်တဲ့ အက်ရှာဂက်ပ်တာနဲ့ အတူစားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီး ထွက်လာတဲ့ပုံတွေကို သတင်းထောက်တွေက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

လန်ဒန်မြို့က သက်သတ်လွတ်စားသောက်ဆိုင်တစ်ခုကနေ နှစ်ဦးသား အတူထွက်လာကြတာဖြစ်ပြီး ဘယ်လာရင်ရဲ့ ဇိမ်ခံမာစီဒီးစ်ကားထံကို အတူလမ်းလျှောက်လာကြတာပါ။

play

 

ဘယ်လာရင်ဟာ ခြေစွမ်းပြနိုင်လို့ အာဆင်နယ်ပထမအသင်းကြီးရဲ့ အဓိကကစားသမားတစ်ဦးဖြစ်လာပြီး ဘာစီလိုနာအသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

play
play

 

အသက် ၃၀ အရွယ် အက်ရှာဂက်ပ်တာက အိန္ဒိယအလှမယ်ဟောင်းတစ်ဦး ဖြစ်ပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား Raaz နဲ့ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ ဂက်ပ်တာဟာ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး အရင်ကလည်း လူမှုကွန်ရက်မှာ ကစားသမားဆန်းချက်ဇ်ဂျာစီနဲ့ ဓာတ်ပုံ တင်ခဲ့ပါသေးတယ်။

Source : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ