Other Sports: ပြိုင်ဘက်ကစားသမားရဲ့ သားဖြစ်သူအတွက် ဂျာစီလဲပေးခဲ့တဲ့ ရော်နယ်ဒို

ဒေါ့မွန်ကစားသမား အော့ဘာမီယန်းရဲ့ သားဖြစ်သူဟာ ရော်နယ်ဒိုရဲ့ ပရိသတ်ပါ။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ ပြိုင်ဘက်ကစားသမားရဲ့ သားဖြစ်သူအတွက် ပြိုင်ပွဲအပြီးမှာ ဂျာစီအပြန်အလှန် လဲပေးခဲ့ကြောင်း သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ကြားရက်အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်က တစ်ဖက်နှစ်ဂိုးစီသရေရလဒ် ကစားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း အသင်းအတွက် အရေးပါတဲ့ဂိုး သွင်းနိုင်ခဲ့သလို ဒေါ့မွန်ကစားသမား အော့ဘာမီယန်းကလည်း အသင်းအတွက် သရေရစေမယ့် ချေပဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

play

 

ဒေါ့မွန်ကစားသမား  အော့ဘာမီယန်ရဲ့ သားဖြစ်သူဟာ ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြေင့်ပွဲအပြီးမှာ အော့ဘာမီယန်းက ရော်နယ်ဒိုနဲ့ ဂျာစီလဲဖို့ ပြောခဲ့တာဖြစ်ပါတယ်။အဲဒီနောက် ရော်နယ်ဒိုရဲ့ဂျာစီကို ကိုင်ပြီး သားဖြစ်သူ ပျော်နေတဲ့ ဓာတ်ပုံကို အော့ဘာမီယန်းက လူမှုကွန်ရက်မှာ ပြသခဲ့ပါတယ်။ "

play

 

ကျွန်တော့်သားကို ခင်ဗျား ပျော်အောင်လုပ်ပေးနိုင်ခဲ့တယ်" လို့လည်း ရော်နယ်ဒိုကို ရည်ညွှန်းပြီး အော့ဘာမီယန်းက ရေးသားခဲ့ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ