Other Sports: ရှာရာပိုဗာကို တားမြစ်ဆေးသုံးစွဲမှုဖြင့် တင်းနစ်ကစားခွင့် ပိတ်ပင်ထားမှုပြစ်ဒဏ် လျှော့ချ

, updated

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်မှစပြီး တင်းနစ်ပြိုင်ပွဲတွေမှာ ရှာရာပိုဗာ ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

play


နာမည်ကြီး ရုရှားတင်းနစ်မယ် ရှာရာပိုဗာအပေါ် တားမြစ်ဆေးသုံးစွမှုဖြင့် ချမှတ်ထားတဲ့ တင်းနစ်ကစားခွင့်ပိတ်ပင်မှု ပြစ်ဒဏ်ကာလကို ၁၅ လအဖြစ် လျှော့ချလိုက်ကြောင်း သိရပါတယ်။ ရှာရာပိုဗာက သူမအပေါ် ချမှတ်ထားတဲ့ ကစားခွင့်ပိတ်ပင်မှု ပြစ်ဒဏ်ကို Court of Arbitration for Sport (CAS) ထံ အယူခံဝင်ခဲ့ပြီးနောက် ပြစ်ဒဏ်ကာလကို ယနေ့ (အောက်တိုဘာ ၄ ရက်) လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

play


အသက် ၂၉ နှစ်အရွယ် ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ ယခုနှစ် ဇန်ဝါရီလက ကျင်းပပြုလုပ်တဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲကာလအတွင်း တားမြစ်ထားတဲ့ meldonium ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မူလက အဆိုပါ တားမြစ်ဆေးသုံးစွဲမှုကြောင့် ရှာရာပိုဗာကို ကစားခွင့် ၂ နှစ်ကြာ ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

play


ယခုအခါ တင်းနစ်ကစားခွင့် ပိတ်ပင်မှုကို ၁၉ လအဖြစ် ပြစ်ဒဏ်လျှော့ချလိုက်တာကြောင့် ရှာရာပိုဗာဟာ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်မှစပြီး တင်းနစ်ပြိုင်ပွဲတွေမှာ ပြန်လည် ပါဝင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ