Other Sports: ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး ရုရှားသူ ဘောလုံးဒိုင်လူကြီး လူမှုကွန်ရက်မှာ နာမည်ကျော်လာ

သူမက ဘောလုံးဒိုင်လူကြီးဖြစ်ပေမဲ့ တက္ကသိုလ်မှာ ကျောင်းဆက်တက်နေဆဲ ဖြစ်ပါတယ်။

play

 

ရှရှားနိုင်ငံသူ အမျိုးသမီးဘောလုံးဒိုင်လူကြီးတစ်ဦးဟာ လူမှုကွန်ရက်ပေါ်က သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဆက်ဆီဓာတ်ပုံတွေကြောင့် နာမည်ကျော် လူသိများလာပါတယ်။

play

 

ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့ အင်စတာဂရမ်အကောင့်ဟာ Follower ငါးထောင်နီးပါး ရှိလာခဲ့ပါတယ်။ သူမကိုယ် သူမ ဘောလုံးသမားတစ်ဦးအဖြစ်၊ ကောလိပ်ကျောင်းသူတစ်ဦးအဖြစ်သာမက ဘောလုံးဒိုင်လူကြီးတစ်ဦးအဖြစ်ပါ ပရိသတ်တွေကို မိတ်ဆက်ထားပါတယ်။

play

 

အသက် ၂၁  နှစ်သာရှိသေးပေမဲ့ သူမဟာ ဒိုင်လူကြီးသင်တန်း တက်ရောက်ပြီးသွားပြီ ဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာတော့ ကလေးငယ်တွေကို သင်တန်းပြန်လည်ပို့ချနေတဲ့ ပုံတွေကိုလည်း ဝေမျှထားပါတယ်။

play
play

 

ထိပ်သီးဘောလုံးလောကထဲက ပွဲစဉ်တွေကို သူမကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်ခွင့် မရသေးပေမဲ့ နောက်ပိုင်းမှာတော့ သူမကို ဘောလုံးကွင်းထဲမှာ မကြာခဏ မြင်တွေ့ရဖွယ်ရှိပါတယ်။

play
play

 

ဗြိတိန်မီဒီယာအချို့ကတော့ ကမ္ဘာ့ဆက်စီအကျဆုံး ဒိုင်လူကြီးအဖြစ် ရေးသားဖော်ပြထားကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ