Other Sports: ညစ်ညမ်းဗီဒီယို အွန်လိုင်းပေါ် ရောက်သည့် ဘောလုံးသမား ပြန်တောင်းပန်ရ

ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်တဲ့လူနာဟာ သူ့ရဲ့ကစားဖော်နဲ့အတူ အခြားမိန်းကလေးနဲ့ အတူနေခဲ့ကြပုံတွေကို ဗီဒီယို ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။

play

 

အက်စတွန်ဗီလာ ဘောလုံးသမားဟောင်းဖြစ်တဲ့ အန်တိုနီယိုလူနာနဲ့ အသင်းကစားဖော် တို့ရဲ့ညစ်ညမ်ဗီဒီယိုခွေ အွန်လိုင်းမှာ ပျံနှံ့ခဲ့ပြီးနောက် ကစားသမားတွေကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ရပါတယ်။

လက်ရှိစပိန်ကလပ် အီဘာအသင်းမှာ ကစားနေတဲ့ လူနာဟာ အသင်းကစားဖော် အန်းနရစ်ခ်ျနဲ့အတူ အမည်မသိရတဲ့ အမျိုးသမီးနဲ့ ချစ်တင်းနှောနေပုံတွေကို ဗီဒီယိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ Sex Tape ဟာ ဒီလိုပျံ့နှံ့လာတဲ့အတွက် ပရိသတ်တွေကို ပြန်တောင်းပန်ဖို့ ဖိအားပေးခံခဲ့ရတာဖြစ်ပါတယ်။

 

ပရိသတ်ကို တောင်းပန်စာထဲမှာ ရေးသားချက်အရ ဒီလိုပုဂ္ဂိုလ်ရေး အပြုအမူဟာ ပတ်ဝန်ကျင်ကိုပါ ရိုက်ခတ်စေမိခဲ့တဲ့အတွက် နောင်တရမိကြောင်း ကစားသမားတွေဘက်က ထုတ်ပြန်တဲ့ တောင်းပန်စာထဲမှာရေးသားထားပါတယ်။ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားတဲ့အတွက်လည်း မိမိတို့ကိုပဲ အပြစ်တင်စရာရှိကြောင်း ကစားသမားတွေဘက်က ဆိုပါတယ်။

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ