Other Sports: အပိန်လွန်နေသည့် ခန္ဓာကိုယ်မှ အဆီထုတ်ပြုပြင်ခဲ့သည့် ပရီးမီးယားလိဂ် ဘောလုံးသမားဟောင်း၏ ဇနီးသည်

လှချင်တဲ့အတွက် ပိန်လွန်းတဲ့ခန္ဓာကိုယ်ကနေ မရှိသလောက်နည်းနေပြီဖြစ်တဲ့ အဆီတွေကို ထုတ်ဖိုကြိုးစားခဲ့တာပါ။

play

 

အလှအပနဲ့ ခန္ဓာကိုယ်သွယ်လျဖို့ကို အလွန်ဂရုစိုက်တဲ့ ပရီးမီးယားလိဂ်ဘောလုံးသမားဟောင်းရဲ့ ဇနီး ဖြစ်သူမာရီယာပိုဂရက်ညက်ဟာ အဆီထုတ် ခွဲစိပ်မှု လုပ်လိုက်တာကြောင့် လူမှုကွန်ရက်မှာ အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။

play

 

မာရီယာပိုဂရက်ညက်ဟာ နဂိုက ပိန်လှီတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အရိုးနဲ့ သွေးသာ ရှိတော့တယ်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှု ခံထားရတာပါ။ သူမရဲ့ ခန္ဓကိုယ်မှာ ထုတ်စရာအဆီရောရှိသေးရဲ့လားဆိုပြီး သူမဓာတ်ပုံတွေအောက်မှာ ပရိသတ်အချို့က မေးခွန်းထုတ် လှောင်ပြောင်ကြပါတယ်။

play

 

ဖူဟမ်းနဲ့ ရီးဒင်းအသင်းကစားသမားဟောင်း ပေဗယ်နဲ့ လက်ထပ်ပြီးနောက် ပရီးမီးယားလိဂ်က Wags တွေကြားထဲမှာ ပိုဂရက်ညက်ဟာ နာမည်ကျော်ခဲ့ပါသေးတယ်။ သူမအဆီထုတ်ခွဲစိပ်ကုသမှု လုပ်နေတဲ့ ဆေးခန်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

play

 

သူကတော့ ဘာမှမကျန်တော့ဘူးလို့ သူမရဲ့ဓာတ်ပုံအောက်မှာ ပရိသတ်တစ်ဦးက မှတ်ချက်ပေးထားပါတယ်။

play

 

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ