Other Sports: တရုတ်အိုးပင်းမှာ မာရေးနဲ့ ရက်ဒင်ဝင်စကာတို့ ဆုဖလား ဆွတ်ခူး

တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းဗိုလ်လုပွဲစဉ်တွေကို အောက်တိုဘာ ၉ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

play


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပပြုလုပ်တဲ့ တရုတ်အိုးပင်းတစ်နင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးက ဒီမီထရော့ဗ်ကို ၆-၄၊ ၇-၆ ဖြင့် အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။

play


ကမ္ဘာ့အဆင့် နံပါတ် ၂ တင်းနစ်ကစားသမား မာရေးကို ဘူလ်ဂေးရီးယားမှ ဒီမီထရော့ဗ်က ပွဲစဉ်တစ်လျှောက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။

play


မာရေးအတွက် တရုတ်အိုးပင်း ချန်ပီယံဆုဟာ ယခုနှစ်အတွက် တစ်ဦးချင်းပြိုင်ပွဲ ပဉ္စမမြောက် ဆုဖလားဖြစ်လာပြီး ၎င်းရဲ့ ကစားသမား သက်တမ်းတစ်လျှောက် ၄၀ ခုမြောက် ဆုဖလားလည်း ဖြစ်လာကြောင်း သိရပါတယ်။

play


တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့အဆင့် နံပါတ် ၃ မှာ ရပ်တည်နေတဲ့ ရက်ဒ်ဝင်စကာက ဂျိုဟန်နာ ကွန်တာကို ၆-၄၊ ၆-၂ ဖြင့် အနိုင်ယူပြီး ဆုဖလားဆွတ်ခူးသွားခဲ့ပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ