Other Sports: တစ်ည တစ်ဆယ့်သုံးသိန်းကျော် ကုန်ကျမယ့် ရော်နယ်ဒိုရဲ့ ဟိုတယ်အသစ်

ရော်နယ်ဒိုရဲ့ ဟိုတယ်အသစ်ကို လစ္စဘွန်းမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

play

 

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ့ရဲ့ကလပ်အသင်းဟောင်းရှိရာ လစ္စဘွန်းမြို့မှာ ဟိုတယ်အသစ်တစ်လုံးထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

play

 

ရော်နယ်ဒိုရဲ့ နာမည်နဲ့ ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ဖြစ်ပြီး ပထမဟိုတယ်ကိုတော့ သူ့ရဲ့မွေးရပ်မြေ မက်ဒေးရာ ဒေသမှာ တည်ဆောက်ထားပါတယ်။ "  ဘဝဆိုတာ ဘောလုံးတစ်ခုတည်း ရှိမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်အတွက် ကြိုတင်စီမံတဲ့ သဘောပါ" လို့ ရော်နယ်ဒိုက ပြောပါတယ်။

play

 

ရော်နယ်ဒိုနဲ့ ခရီးသွားကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်တဲ့ အဆိုပါဟိုတယ်ဟာ တည်းခိုငှားရမ်းခ တစ်ရက်ကို ယူရို ၂၀၀ လောက်က စတင်မှာဖြစ်ပါတယ်။ CR7 ဆိုတဲ့နာမည်နဲ့ အထူးခန်းကတော့ အခြားသော အထူးဝန်ဆောင်မှုတွေပါဝင်ပြီး တစ်ရက်ကို ယူရို တစ်ထောင်( ငွေကျပ်တစ်ဆယ့်သုံးသိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။

play

 

လာမယ့် ၂၀၁၇ ရောက်တဲ့အခါလည်း ရော်နယ်ဒိုက စပိန်နိုင်ငံ မက်ဒရစ်မှာ ဟိုတယ်တည်ဆောက်ထားတာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ