Other Sports: အီရီနာရှိတ်နှင့် တူသဖြင့် ရော်နယ်ဒိုတွဲခဲ့သည့် ဘီကီနီ မော်ဒယ်

ရော်နယ်ဒိုဟာ အီရီနာရှိတ်နဲ့ မပြတ်ခင်ကတည်းက အဆိုပါမော်ဒယ်နဲ့ တွဲခုတ်နေခဲ့တာပါ။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုနဲ့ ဇာတ်လမ်းပြတ်စဲသွားခဲ့ကြရတဲ့ အကြောင်းရင်းကို ဆားဘီးယားနွယ်ဖွား ဘီကီနီမော်ဒယ်တစ်ဦးက ဖွင့်ဟလိုက်ပါတယ်။

play

 

ရော်နယ်ဒိုဟာ အီရီနာရှိတ်နဲ့ တွဲနေတုန်း အချိန်မှာပဲ အခြားမိန်းကလေးတွေနဲ့ တိတ်တဆိတ် ဆက်ဆံရေးတွေ ရှိခဲ့တဲ့အပြင် မရိုးသားတဲ့ မက်ဆေ့ခ်ျတွေလည်း ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အီရီနာရှိတ်နဲ့  တွဲနေတုန်းမှာ ရော်နယ်ဒိုဟာ အဆိုပါ မော်ဒယ်နဲ့တွေ့ဆုံပြီး အဆက်အဆံရှိခဲ့တယ်လို့ သိရပါတယ်။

play
ရော်နယ်ဒိုနှင့် ရည်းစားဟောင်း အီရီနာရှိတ်

 

Sports Illustrated မဂ္ဂဇင်းအတွက် ရေကူးဝတ်စုံဓာတ်ပုံတွေ ရိုက်ပေးလေ့ရှိတဲ့ မော်ဒယ်ဟာ ရော်နယ်ဒို ရည်းစားဟောင်း အီရီနာရှိတ်နဲ့ အတော်လေးတူခဲ့တယ်လို့ ဆိုပါတယ်။

play
ရေကူးဝတ်စုံမော်ဒယ် ခရစ္စတီးနား

 

သူမနဲ့ ရော်နယ်ဒိုကို မိတ်ကပ်ပညာရှင်တစ်ဦးက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း အဆက်အဆံရှိခဲ့တယ်လို့ ခရစ္စတီးနားပီရစ်လို့ခေါ်တဲ့ အဆိုပါမော်ဒယ်က ဖွင့်ဟခဲ့ပါတယ်။

play

 

ဒါပေမဲ့ ရော်နယ်ဒိုဟာ သူမကိုလည်း အရူးလုပ်ခဲ့ပြီး သစ္စာဖောက်ခဲ့သလို ခံစားရတယ်လို့ ခရစ္စတီးနားက ပြောပါတယ်။ ခရစ္စဟာ Victoria's Secret မော်ဒယ်လည်း ဖြစ်ပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ