Other Sports: ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲမှာ အန်ဒီမာရေး ချန်ပီယံဆု ဆွတ်ခူး

မာရေးဟာ ရှန်ဟိုင်းမာစတာ ဆုဖလားကို တတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

play


ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ရောဘတ်တို ဘက်တစ္စတာကို အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူးသွားခဲ့ပါတယ်။

play


မာရေးက ရောဘတ်တိုကို ၇-၆ (၇-၁)၊ ၆-၁ ဖြင့် ပွဲငယ်နှစ်ပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မာရေးဟာ ရှန်ဟိုင်းမာစတာ ဆုဖလားကို တတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။ အသက် ၂၉ ခုနှစ်အရွယ် ဗြိတိန်တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ယခုနှစ်မှာ ဆုဖလား ၆ ခုမြောက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play


မာရေးက ရှန်ဟိုင်းမာစတာမှာ ဆုဖလားရရှိခဲ့ပြီးနောက် ကမ္ဘာ့အဆင့်တစ်မှာ ရပ်တည်နေသူ ဂျိုကိုဗစ်နဲ့ ၎င်းတို့ကြား ကမ္ဘာ့အဆင့်သတ်မှတ်မှု အမှတ်ကွာဟချက်မှာ ၉၁၅ မှတ်သာ ဖြစ်လာခဲ့ပါတယ်။

play


မာရေးဟာ ရှန်ဟိုင်းမာစတာမှာ ချန်ပီယံဖြစ်လာခဲ့ပြီးနောက် ဂျိုကိုဗစ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နေရာမှာ ရပ်တည်နိုင်ရန် မျှော်လင့်ချက် ပိုမိုရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ