Other Sports: မြောက်ကိုရီးယားက ထူးထူးဆန်းဆန်း ရိုးရာအိုလံပစ် ပြိုင်ပွဲ

ကလေးငယ်တွေ ဆော့ကစားတဲ့ ဒန်းနဲ့ sea-saw တွေကို အသုံးပြုပြီး အားကစားပြိုင်ပွဲတွေအဖြစ် ကျင်းပနေတာ ဖြစ်ပါတယ်။

play

 

မြောက်ကိုရီးယားနိုင်ငံအတွင်း ထူးထူးခြားခြား အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပလျှက်ရှိကြောင်း သိရပါတယ်။ အထူးခြားဆုံးကတော့ ယနေ့ခေတ် ကလေးငယ်တွေ ကစားကြတဲ့ sea-saw ပြိုင်ပွဲကို ထည့်သွင်းကျင်းပလျှက်ရှိတာဖြစ်ပါတယ်။

play

 

၁၃ ကြိမ်မြောက် အားကစားပြိုင်ပွဲမှာ အိုလံပစ်အားကစားနည်း အချို့လည်း ထည့်သွင်းကျင်းပပေမယ့် ကစားကွင်း ပစ္စည်းတွေ အသုံးပြုပြီး ကျင်းပတဲ့ ပြိုင်ပွဲက ပိုပြီးစိတ်ဝင်စားမှု မြင့်တက်လျှက်ရှိပါတယ်။ ပြိုင်ပွဲဝင်နှစ်ဦး ပါဝင်ယှဉ်ပြိုင်ရတဲ့ sea-saw ပြိုင်ပွဲဟာ နှစ်မီတာ အမြင့်ကျော်ထိ ရောက်အောင် ခုန်ဖို့ ကြိုးစားရတာပါ။

play

 

ဒါ့အပြင် ဒန်းစီးအားကစားပြိုင်ပွဲတွေလည်း ပါဝင်ပြီး ပြုံယမ်းမြို့တော်က Moran Hill ပန်းခြံအတွင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အချို့ပြိုင်ပွဲတွေဟာ အရင်ဂျိုဆောင်နန်းဆက် ခေတ်တုန်းက နန်းတွင်းအားကစားပြိုင်ပွဲအဖြစ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ