Other Sports: အိမ်ထောင်ရှိနေဆဲ နပမ်းသမားကို ကြိုးဝိုင်းထဲတွင် လက်ထပ်ခွင့်တောင်းသည့် နပန်းမယ်

နပန်းမယ် ပေ့ခ်ျဟာ ဒီလုပ်ရပ်ကြောင့် ဝေဖန်မှု များစွာနဲ့ ရင်ဆိုင်နေရပါတယ်။

play

 

WWE နပန်းပြိုင်ပွဲ ချန်ပီယံဟောင်း အယ်လ်ဘာတိုဒယ်လ်ရီယိုကို သူရဲ့ချစ်သူအသစ်ဖြစ်တဲ့ နပန်းမယ် ပေ့ခ်ျက ကြိုးဝိုင်းထဲမှာ အားလုံးရဲ့ကရှေ့မှာ လူသိရှင်ရှင်ကြား လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။

play

 

ဒါပေမယ့်လည်း ဒီသတင်း လူသိရှင်ကြား ဖြစ်လာခဲ့ပြီးနောက်  ဒယ်လ်ရီယိုရဲ့ ဇနီးဟောင်းဖြစ်သူက သူမနဲ့ ဒယ်လ်ရီယိုဟာ  အပြီးတိုင်မကွာရှင်းရသေးတဲ့အတွက် ဇနီးမောင်နှံအဖြစ် တရားဝင်ရှိနေသေးတယ်လို့ ပြောကြားလိုက်ကြောင်း သိရပါတယ်။ ဒယ်လ်ရီယိုရဲ့ ဇနီးဖြစ်ခဲ့သူ အိန်ဂျလာဗက်ကီရဲ့ ရှေ့နေက သတင်းထောက်တွေရဲ့ မေးခွန်းကို အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

နပန်းမယ် ပေ့ခ်ျဟာ ဒယ်လ်ရီယိုကို ကြိုးဝိုင်းထဲမှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက်လည်း ဝေဖန်မှုတွေ ခံခဲ့ရပြီး ပြိုင်ပွဲကစားခွင့်တောင် ပိတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စုံတွဲသစ်ဖြစ်လာတဲ့ ပေ့ခ်ျနဲ့ ဒယ်လ်ရီယိုတို့အတွက် နောက်ထပ် အတားအဆီး တစ်ခုအနေနဲ့ ပေဂီရဲ့ ဖခင်ဖြစ်သူကလည်း သူတို့စုံတွဲကို သဘောမတူခဲ့ပါဘူး။

play

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ