Other Sports: ယခုနှစ် တင်းနစ်ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်မှု ရာဖေးနာဒယ်လ် အဆုံးသတ်

လာမယ့် ၂၀၁၇ ခုနှစ် တင်းနစ်ရာသီကိုသာ အာရုံစိုက် ပြင်ဆင်သွားတော့မယ်လို့ နာဒယ်က ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။


ယခင် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားနဲ့ ဂရင်းဆလင်းချန်ပီယံဆု ၁၄ ကြိမ် ရရှိထားတဲ့ ရာဖေးနာဒယ်လ်က ယခုနှစ် တင်းနစ်ရာသီ လက်ကျန်ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တော့ကြောင်း အောက်တိုဘာ ၂၀ ရက်က ပြောကြားလိုက်ပါတယ်။


ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ နာဒယ်ဟာ လက်ကျန်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘဲ ဒဏ်ရာအပြည့်အဝ ကောင်းမွန်စေရန် အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။


အသက် ၃၀ နှစ်အရွယ် နာဒယ်ဟာ ယခုနှစ် တင်းနစ်ပြိုင်ပွဲများမှာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပါတယ်။ ၎င်းရဲ့ ဘယ်ဘက် လက်ကောက်ဝတ်ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းမှ နုတ်ထွက်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲ မတိုင်ခင်အထိ တင်းနစ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။


ရီယို အိုလံပစ်ပြိုင်ပွဲမှာတော့ နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဒဏ်ရာအမြန်သက်သာစေရန် လုပ်ဆောင်ခဲ့တယ်လို့ စပိန်တင်းနစ်ကစားသမား နာဒယ်က ဆိုပါတယ်။


ထိုသို့ အားစိုက်လုပ်ဆောင်ခဲ့မှုက ၎င်းရဲ့ဒဏ်ရာကို ပိုမိုဆိုးရွားစေခဲ့ပြီး ယခုနှစ် လက်ကျန်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ကြောင်းနဲ့ လာမယ့် ၂၀၁၇ ခုနှစ် တင်းနစ်ရာသီကိုသာ အာရုံစိုက် ပြင်ဆင်သွားတော့မယ်လို့ နာဒယ်က ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ