Other Sports: လီဗာပူး ကစားသမားရဲ့ ဓာတ်ပုံထဲမှာ မတော်တဆ ပါသွားသည့် ဆက်စီဝတ်စုံနှင့်ချစ်သူ

အတွင်းခံကိုသာ ဝတ်ဆင်ထားတဲ့ သူမရဲ့မှန်ထဲက ပုံရိပ်ဟာ ဓာတ်ပုံမှာ ပါလာခဲ့တာပါ။

play

 

ဒူးဒဏ်ရာ ရရှိနေရာက ပြန်လည်သက်သာလာပြီဖြစ်တဲ့ လီဗာပူးကစားသမား ဒန်နီအင့်စ်တစ်ယောက်ဟာ ဘောလုံးပွဲတွေ ကစားခွင့်လွဲချော်နေရပေမယ့် အိမ်မှာတော့ အတော်ပျော်ပုံရပါတယ်။

play

 

ဒန်နီအင့်စ်ဟာ နေအိမ်မှာရှိတဲ့ ထမင်းစား စားပွဲခုံမှ ထိုင်နေခဲ့ပြီး ဓာတ်ပုံ အရိုက်ခံခဲ့တာဖြစ်ပါတယ်။ စားပွဲပေါ်မှာ ရေခဲပုံးထဲ ထည့်ထားတဲ့ ဝိုင်ပုလင်းနဲ့ ဖန်ခွက်တွေလည်း ရှိနေခဲ့ပါတယ်။ ဒီပုံကို သူ့ရဲ့ဆက်စီမော်ဒယ် ချစ်သူ ဂျော်ဂျီယာဂစ်ရိုက်ကူးပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မပြောပေမယ့် သိသာစေတဲ့ အကြောင်းရာက ဓာတ်ပုံထဲ ပါလာခဲ့ပါတယ်။

play

 

ဒန်နီအင့်စ်နောက်မှာ ကြီးမားတဲ့ မှန်ချပ်ကြီးတစ်ခု ရှိနေခဲ့ပြီး အဲဒီမှန်ချပ်ထဲမှာ သူ့ရဲ့ချစ်သူ ဂစ်ရဲ့ ဘီကီနီခန္ဓာကိုယ်က ပေါ်နေခဲ့လို့ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကို ဂစ်ကိုယ်တိုင်ကလည်း အင်စတာဂရမ်မှာ တင်ခဲ့ပြီး " ဆွီဒင်ကို သွားပြီ။ သွားရလို့ ပျောပါသည်" ဆိုပြီး တင်ထားခဲ့ပါသေးတယ်။

play

 

ဒန်နီအင့်စ်ဟာ ဒဏ်ရာက သက်သာလာပြီးနောက် လီဗာပူးအသင်း ယူ-၂၃ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး အခုတော့ အသင်းကြီးမှာ ပြန်လည်ပါဝင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး