Other Sports: ဗီယင်နာအိုးပင်းမှာ အနိုင်ရပြီး ကမ္ဘာ့အဆင့်တစ်ဖြစ်ရန် ပိုမိုနီးစပ်လာတဲ့ မာရေး

မာရေးဟာ ကစားသမားသက်တမ်းမှာ စုစုပေါင်း ဆုဖလား ၄၂ ခု ရရှိထားပြီး ဗီယင်နာအိုးပင်း ဆုဖလားကို ဒုတိယအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play
ကမ္ဘာ့အဆင့်တစ်ဖြစ်ရန် ပိုမိုနီးစပ်လာသည့် အန်ဒီမာရေး


ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ယနေ့ (အောက်တိုဘာ ၃၀ ရက်) ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီယင်နာအိုးပင်း ဗိုလ်လုပွဲစဉ်မှာ ဆွန်ဂါကို ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိပြီး ဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။ ဗီယင်နာအိုးပင်း ဆုဖလားဟာ မာရေးအတွက် ယခုနှစ်အတွင်း ၇ ခုမြောက် ဆုဖလားလည်း ဖြစ်ပါတယ်။

play


မာရေးဟာ ဗီယင်နာအိုးပင်မှာလည်း ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ဂျိုကိုဗစ်ရဲ့ အဆင့်တစ်နေရာကို ရယူနိုင်ရန်လည်း ပိုမိုနီးစပ်လာခဲ့ပါတယ်။

play


အကယ်၍ လာမယ့် သီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားမယ့် ပါရီမာစတာပြိုင်ပွဲမှာ မာရေးက ဆုဖလားဆွတ်ခူးပြီး ဂျုကိုဗစ်က ဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့ပါက ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နေရာကို မာရေးက လွှဲပြောင်းရယူနိုင်မှာ ဖြစ်ပါတယ်။

play
လက်ရှိ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား ဂျုကိုဗစ်


ထို့အတူ ပါရီမာစတာပွဲမှာ မာရေးက ဗိုလ်လုပွဲကို တက်ရောက်နိုင်ပြီး ဂျုကိုဗစ်က ဆီမီးဖိုင်နယ်ကို မရောက်နိုင်ခဲ့ပါကလည်း ကမ္ဘာ့အဆင့်တစ်နေရာမှာ မာရေးက ရပ်တည်လာမှာပါ။

play
ဗီယင်နာအိုးပင်း ဗိုလ်လုပွဲမှာ မာရေး အနိုင်ယူခဲ့သည့် ဆွန်ဂါ


မာရေးဟာ ကစားသမားသက်တမ်းမှာ စုစုပေါင်း ဆုဖလား ၄၂ ခု ရရှိထားပြီး ဗီယင်နာအိုးပင်း ဆုဖလားကို ဒုတိယအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဗီယင်နာအိုးပင်းမှာလည်း မာရေးက ချန်ပီယံဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး