Other Sports: ဟော်လိုဝင်း ပါတီမှာ ရန်သူတွေဖြစ်သွားတဲ့ လီဗာပူး ကစားသမားများ

ဟော်လိုဝင်း ဝတ်စုံတွေကြောင့် လီဗာပူးကစားသမားအချင်းချင်း ပြိုင်ဘက်တွေ ဖြစ်ခဲ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အပြီးမှာ လီဗာပူးအသင်း ကစားသမားတွေနဲ့ မိသားစုတွေရဲ့ သီးသန့်ဟော်လိုဝင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

play

 

လီဗာပူးအသင်းက စနေနေ့မှာ ခရစ္စတ်ပဲလေ့စ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ရမှတ်အတူတူ အမှတ်ပေးဇယား အဆင့် - ၃ နေရာမှာ ရှိနေခဲ့တာပါ။ အသင်းကစားသမားတွေဖြစ်တဲ့ ဖာမီနိုနဲ့ ကော်တင်ဟိုတို့က အသင်းရဲ့ မိသားစုဟော်လိုဝင်းပွဲ က ဓာတ်ပုံတွေကို လူမှုကွန်ရက်ကတစ်ဆင့် မျှဝေခဲ့တာပါ။

play
ကော်တင်ဟိုတို့ မိသားစု

 

အသင်းမှာ အတွဲညီတဲ့ ကစားသမားဖြစ်ပေမဲ့ ဟော်လိုဝင်းပွဲမှာတော့ ဒီကစားသမားနှစ်ဦးဟာ ဝတ်ထားတဲ့ ဝတ်စုံအရ ပြိုင်ဘက်တွေ ဖြစ်နေခဲ့ပါတယ်။ ကော်တင်ဟိုက Suicide Squad ဇာတ်လမ်းထဲက ဂျိုကာပုံစံပြင်ဆင်လာတာဖြစ်ပြီး ဖာမီနိုကတော့ လင်းနို့လူသားပုံစံ ပြင်ဆင်လာတာပါ။

play
ဖာမီနို

 

လီဗာပူးအသင်းတိုက်စစ်ဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံပြထားနိုင်ပြီးနောက် အသင်းကစားသမား လော်ဗရန်ကလည်း ဒီရာသီလီဗာပူးရဲ့ ပြိုင်ဘက်ဟာ အခြားသူတွေမဟုတ်ဘဲ မိမိတို့ ကိုယ်တိုင်သာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

play

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ