Other Sports: ဘီကီနီမော်ဒယ် အယောက် ၅၀ နဲ့ပါတီပွဲကျင်းပခဲ့တဲ့ မေဝဲလ်သာနဲ့ အင်စတာဂရမ်ဆယ်လီ

လက်ဗီးဂတ်စ်မှာ နွှဲခဲ့တဲ့ ပါတီပွဲ ဖြစ်ပါတယ်။

play

 

ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ စံချိန်တင်ပြီး အနားယူခဲ့တဲ့မေဝဲလ်သာနဲ့ ကြေးစားပိုကာ သမား ဒန်ဘီလ်ဇာရီယန်တို့ နှစ်ဦးပေါင်းပြီး လက်စ်ဗီးဂတ်မှာ ပါတီပွဲအကြီးအကျယ်ဆင်နွှဲတယ်လို့ သိရပါတယ်။

play

 

မေဝဲလ်သာရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ နာမည်ကျော်သန်းကြွယ်သူဌေး ဒန်က သူ့ရဲ့စီးပွားရေးလုပ်ငန်းသစ်တစ်ခု မိတ်ဆက်ပွဲကို လက်စ်ဗီးဂတ်စ်က် ကောစမိုပိုလီတန်း ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ ပါတီပွဲကြိုက်တဲ့ သူတို့နှစ်ဦးရဲ့ ထုံးစံအတိုင်း ဘီကီနီဝတ်မော်ဒယ် အယောက် ၅၀ နဲ့ အဆိုပါ ပါတီပွဲကို ကျင်းပခဲ့တလို့ သိရပါတယ်။

play

 

လူမှုကွန်ယက်ဆယ်လီတစ်ဦးဖြစ်တဲ့  ဒန်က မေဝဲလ်သာနဲ့အတူတွဲပြီး ရိုက်ထားတဲ့ ဗီဒီယိုအတိုတစ်ခုကို အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။ မေဝဲလ်သာကို ခေါ်ပြီးပါတီပွဲ ကျင်းပနိုင်ဖို့အတွက် ဒန်ဟာ ပါတီအတွက်ခေါ်ယူခဲ့တဲ့ မော်ဒယ်အရေအတွက်ဟာ အယောက် ၅၀ အထိရှိခဲ့တာလို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ