Other Sports: လူမှုကွန်ရက်မှာ ပရိသတ်တွေ သဘောကျနေတဲ့ မက်ဆီ့သား လေးနှစ်ပြည့် ဓာတ်ပုံ

မက်ဆီရဲ့ သားကြီးဖြစ်သူ သီယာဂိုကို မိခင်ဖြစ်သူက မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

play

 

မက်ဆီနဲ့ သူ့ရဲ့ဇနီးသည်ဖြစ်သူ ရော့ကူဇိုတို့ရဲ့ အကြီးဆုံးသားဖြစ်သူ သီယာဂိုရဲ့ လေးနှစ်ပြည့်မွေးနေ့မှာ တင်ခဲ့တဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

play

 

မက်ဆီတို့ ဇနီးမောင်နှံမှာ သားနှစ်ဦးရှိပြီး အခု အသက် လေးနှစ်ပြည့်သွားပြီဖြစ်တဲ့ သီယာဂိုက ဘာစီလိုနာအသက် ခြောက်နှစ်အောက် ဘောလုံးသင်တန်းကျောင်းမှာ တက်ရောက်လျက်ရှိပါတယ်။ သီယာဂိုရဲ့ ညီဖြစ်သူ မက်တီယိုကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ တစ်နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီတို့ စုံတွဲရဲ့ သားဦးဖြစ်တဲ့ သီယာဂိုအတွက် မိခင်ဖြစ်သူက လူမှုကွန်ရက်မှာ ဓာတ်ပုံတင်ပြီး ဆုတောင်းပေးထားတာပါ။

play
မက်ဆီ၏ ဇနီးသည် တင်ထားသည့် ဓာတ်ပုံ

 

" ဟက်ပီးဘတ်ဒေးပါ သားလေးရေ။ မေမေနဲ့ ဖေဖေတို့ သားကို အရမ်းချစ်ပါတယ်" ဆိုပြီး ရေးသားကာ သီယာဂိုရဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ