Other Sports: အန်ဒီမာရေးက ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား ဖြစ်လာ

မာရေးဟာ ယခုနှစ်အတွင်း ဆုဖလား ၇ ကြိမ် ရရှိထား တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ဆုဖလား ၄၂ ခု ရရှိထားပါတယ်။

play
အန်ဒီမာရေး


ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက နိုဗက်ဂျိုကိုဗစ်ရဲ့ နေရာကိုလွှဲပြောင်းရယူပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယနေ့ (နိုဝင်ဘာ ၅ ရက်) မှာ ယှဉ်ပြိုင်ကစားရမယ့် ပါရီမာစတာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ရာအိုနစ်က ခြေထောက်ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ရာ မာရေးက အလိုအလျောက် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။

play
နိုဗက်ဂျိုကိုဗစ်


ပါရီမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ်က ကွာတားဖိုင်နယ်အဆင့်မှ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီး ဖြစ်တာကြောင့် မာရေးက ဗိုလ်လုပွဲ တက်ရောက်နိုင်ရုံဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ်နေရာကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျိုကိုဗစ်က ကမ္ဘာ့အဆင့်တစ် နေရာမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှစပြီး ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play
အမေရိကန်တင်းနစ်ကစားသမား အစ်နာ


မာရေးဟာ ယခုနှစ်အတွင်း ဆုဖလား ၇ ကြိမ် ရရှိထား တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ဆုဖလား ၄၂ ခု ရရှိထားကြောင်း သိရပါတယ်။ ပါရီမာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ မာရေးနဲ့ အမေရိကန်မှ အစ်နာတို့ တွေ့ဆုံပြီး နိုဝင်ဘာ ၆ ရက် မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ