play

 

လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာတဲ့ ပထမဆုံး ပွဲစဉ်မှာ ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီယိုက ပြိုင်ဘက် ဂျက်ဆီဗားဂတ်စ်ကို အမှတ်နဲ့အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဝယ်လ်တာဝိတ်ပွဲစဉ်မှာ ပက်ကီယိုက ဒိုင်သုံးရဲ့ ရမှတ်တွေနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။

play

 

အသက် ၃၇ နှစ်အရွယ် ပက်ကီယိုက တီမိုသီဘရက်ဒလေကို ပြီးခဲ့တဲ့ ဧပြီလမှာအနိုင်ရပြီးနောက် လက်ဝှေ့လောကကို စွန့်ခွာကာ နိုင်ငံရေးဘက် အာရုံစိုက်ခဲ့သူဖြစ်ပါတယ်။  အခုတော့ နိုင်ငံရေးကိစ္စတွေ ခေတ္တရပ်နားပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ခဲ့တာပါ။ ပက်ကွီယိုရဲ့ပွဲစဉ်ကို မဟာပြိုင်ဘက် မေဝယ်လ်သာလည်း လာရောက်ကြည့်ရှုခဲ့တာတွေ့ရပါတယ်။ ပက်ကွီယို အနိုင်ရကြောင်း အမှတ်ပေးဒိုင်တွေက ကြေငြာပြီးနောက် လက်မထောင်ပြကာ " မဆိုးပါဘူး" လို့လည်း မေဝယ်လ်သာ ကပြောခဲ့ပါတယ်။

play

 

မေဝယ်လ်သာနဲ့ နောက်တစ်ကြိမ်ပြန်ထိုးဖြစ်ဦးမှာလို့ ပက်ကွီယိုကို သတင်းထောက်တွေမေးတဲ့အခါ " စောင့်ကြည့်ကြတာပေါ့" လို့ ပက်ကွီယိုက ပြန်ဖြေခဲ့ပါတယ်။ မေဝဲလ်သာနဲ့ ပက်ကွီယိုတို့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဟာ ရာစုနှစ်ရဲ့အကြီးကျယ်ဆုံး လက်ဝှေ့ပွဲအဖြစ် နာမည်ကျော်ခဲ့ပါတယ်။

Source :BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video