Other Sports: အဝတ်မပါ ဓာတ်ပုံတွေနဲ့ ပြက္ခဒိန်ထုတ်ပြီး ရန်ပုံငွေရှာတဲ့ အမျိုးသမီးရက်ဘီအသင်း

ပြက္ခဒိန်ရောင်းပြီး လူမှုရေးရန်ပုံငွေတစ်ရပ် ရှာဖွေကြမှာပါ။

play

 

ဟက်ဖို့ဒ်ရှိုင်းယားအခြေစိုက် ဟစ်ချင်း ရက်ဘီအမျိုးသမီးအသင်းတစ်သင်းဟာ လူမှုရေးရန်ပုံငွေ ရှာဖွေရာမှာ သူတို့အသင်းရဲ့ အဝတ်မဲ့ပြက္ခဒိန်ကို ထုတ်ဝေလိုက်ပါတယ်။

play

 

ရက်ဘီအမျိုးသမီး အသင်းတစ်သင်းလုံး ခြေအိတ်က လွဲလို့ ဘာမှဝတ်မထားပဲ ဓာတ်ပုံအရိုက်ခံခဲ့ကြတာဖြစ်ပါတယ်။ နောက်ပြီး အဲဒီအဝတ်မဲ့ ဓာတ်ပုံတွေကို လာမယ့် ၂၀၁၇ ခုနှစ်ပြက္ခဒိန်မှာ အသုံးပြုသွားမှာပါ။ သူမတို့ ဟစ်ချင်း ရက်ဘီအသင်းက အရေးပေါ်လူနာတင်ယာဉ်အဖြစ် အသုံးပြုနိုင်မယ့် ရဟတ်ယာဉ်တွေ များများဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေ ရှာဖွေကြတာဖြစ်ပါတယ်။

play

 

ဝတ်လစ်စလစ် ရက်ဘီအသင်းကို ဓာတ်ပုံရိုက်ပေးတာက ဓာတ်ပုံဆရာမ အေမီဟောက်တန်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကာစမှာ တစ်သင်းလုံး ရှက်နေကြပေမယ့် နောက်တော့လည်း ကျင့်သားရသွားတယ်လို့ အသင်းကစားသမား တစ်ဦးဖြစ်တဲ့ ခရမ်ပ်တန်က ပြောပါတယ်။ အမျိုးသမီး အသင်းတစ်သင်းလုံး ရက်ဘီကစားနေတဲ့ ပုံတွေ နောက်ခံ ထားကာ ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။

play

 

လူမှုရေးရန်ပုံငွေ ရှာဖွေကြရမှာ အမျိုးသမီးအားကစားအသင်းအချို့ဟာ ဒီလို ဝတ်လစ်စလစ် ဓာတ်ပုံတွေနဲ့ ပြက္ခဒိန်ထုတ်ပြီး ရှာဖွေလေ့ရှိကြပါတယ်။

play

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး