AD
AD
AD
play

 

တိုက်ခိုက်ရေးသမား ဟော်လီဟွမ်းကို အကြီးအကျယ် ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ကြိုးဝိုင်းထဲ ပြန်ဝင်လာတော့မယ့် ရွန်ဟဒါရူဆေးက သူမရဲ့ကောက်ကြောင်းအလှ ဓာတ်ပုံကို အင်စတာဂရမ်ပေါ်မှာ တင်လိုက်ပါတယ်။ သူမဟာ အမန်ဒါနူနက်စ်နဲ့ ထိုးသတ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပါ။

play

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်ဒါရူဆေးက အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး နောက်ကျောအလှကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

play

 

 ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ သူမက ပြိုင်ဘက်ဟော်လီဟွန်းကို ရှုံးနိမ့်ပြီး ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။

play

 

လာမယ့် ဒီဇင်ဘာလထဲမှာတော့ ရူဆေးက နူနက်စ်နဲ့ လက်စ်ဗီးဂတ်စ်မှာ ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ နူနက်စ်က ခြေင်္သမလေးလို့ လူသိများတဲ့ တိုက်ခိုက်ရေးသမားဖြစ်ပါတယ်။ ရူဆေးဟာ သူမရဲ့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား ဘဝမှာ ရှုံးပွဲမရှိခဲ့ပေမဲ့ ဟော်လီဟွန်းနဲ့အတွေ့မှာ ရှုံးနိမ့်ခဲ့လို့ အဲဒီပွဲအပြီး ပထမဆုံး ပြန်ထိုးသတ်မယ့်ပွဲကို ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD