Other Sports: ၁၈ နှစ်အရွယ် မိန်းကလေးကို မြင်းစီးသမားသုံးဦး အုပ်စုလိုက်အဓမ္မကျင့်ခဲ့ဟု စွဲချက်တင်ခံရ

, updated

ပါတီပွဲမှာ အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။

play

 

အုပ်စုလိုက်အဓမ္မကျင့်တယ်ဆိုတဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးရဲ့ စွဲချက်ကြောင့် အိုင်ယာလန်ဂျော်ကီသမား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီထားကြောင်း သိရပါတယ်။

play

 

မြင်းစီးဂျော်ကီသမား ဘရန်ဒန်ပိုဝဲလ်က သူရဲ့အိမ်မှာ လုပ်ခဲ့တဲ့ ပါတီပွဲမှာ ၁၈ နှစ်အရွယ် မိန်းကလေးကို သူငယ်ချင်းနှစ်ဦးနဲ့အတူ အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။ ပိုဝဲလ်ဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး သူ့ရဲ့သူငယ်ချင်း နှစ်ဦးဖြစ်သူ ဂျော်ကီသမားတွေကတော့ အသက် ၂၀ သာရှိပါသေးတယ်။ သူတို့သုံးဦးဟာ အဆိုပါမိန်းကလေးငယ်ကို အဓမ္မကျင့်ရုံသာမက နာကျင်စေတဲ့ ဒဏ်ရာတွေကိုပါ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

play

 

အခုအခါ ရဲတပ်ဖွဲ့က  အမျိုးသမီးခန္ဓာကိုယ်ထဲမှာ ရောက်နေတဲ့ သုတ်ပိုးကိုဓာတ်ခွဲကာ မျိုးရိုးဗီဇ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတာကြောင့် အဆိုပါဂျော်ကီသမားတွေဟာ မြင်းပြိုင်ပွဲအချို့ကို လွဲချော်ခဲ့ပြီး အသင်းတွေကလည်း ကစားသမား လူစားထိုးခဲ့ရပါတယ်။

Source  : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ