Other Sports: ရှာရာပိုဗာကို ကုလသမဂ္ဂ နှလုံးလှသံတမန်အဖြစ် ပြန်လည်ခန့်အပ်မည်

ရှာရာပိုဗာကို တားမြစ်ဆေးသုံးမှုကြောင့် မူလက တင်းနစ်ကစားခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ ပိတ်ပင်မှုကာလကို ၁၅ လသို့ လျှော့ချပေးခဲ့ပါတယ်။

play


ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို နှလုံးလှသံတမန်အဖြစ် ပြန်လည် ခန့်အပ်သွားမယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

play


ရှာရာပိုဗာကို တားမြစ်ဆေးသုံးစွဲမှုကြောင့် တင်းနစ်ကစားခွင့် ပိတ်ပင်ထားမှုကာလ ပြီးဆုံးမယ့် ၂၀၁၇ ခုနှစ် ဧပြီလမှာ နှလုံးလှသံတမန်အဖြစ် ပြန်လည် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

play


ရှာရာပိုဗာဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ နှလုံးလှသံတမန်အဖြစ် ၂၀၀၇ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တားမြစ်ဆေးသုံးမှုကြောင့် ကစားခွင့်ပိတ်ပင်ခံရပြီးနောက် မတ်လအတွင်းမှာ ရှာရာပိုဗာကို သံတမန်အဖြစ်မှ ရုပ်သိမ်းထားခဲ့ပါတယ်။

play


ရှာရာပိုဗာကို တားမြစ်ဆေးသုံးမှုကြောင့် မူလက တင်းနစ်ကစားခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ ပိတ်ပင်မှုကာလကို ၁၅ လသို့ လျှော့ချပေးခဲ့ပါတယ်။

ဂရင်းဆလင်းအဆင့်ပြိုင်ပွဲ ချန်ပီယံဆု ၅ ကြိမ် ရရှိထားတဲ့ ရှာရာပိုဗာဟာ လာမယ့်နှစ် ဂရင်းဆလင်းပြိုင်ပွဲ လေးခုအနက် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ သြစတြေးလျအိုးပင်း ပြိုင်ပွဲကိုတော့ ရှာရာပိုဗာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
Source & Photo: Retuers, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး