Other Sports: မက်ဆီကိုရည်ရွယ်ပြီး ရင်ဖိုစရာ ဓာတ်ပုံတွေ တင်နေပြန်တဲ့ တင်ပါးအလှမယ်

, updated

မက်ဆီရဲ့ ချစ်သူအတွက် ဒေါသထွက်စရာ ဖြစ်ပါတယ်။

play

 

ဘရာဇီးက နာမည်ကျော် အင်စတာဂရမ်မော်ဒယ် မစ္စဘမ်ဘမ်းက ဘာစီလိုနာ ကစားသမား မက်ဆီကို ရည်ရွယ်ပြီး ဆက်စီဓာတ်ပုံအချို့ကို ရိုက်ကူးကာ လူမှုကွန်ရက်ပေါ် တင်လိုက်ပြန်ပါတယ်။

play

 

မက်ဆီရဲ့ ပရိသတ်အဖြစ် နာမည်ကြီးတဲ့ တင်ပါးအလှမယ် ဆူဇီကော့တက်ဇ်ဟာ အင်စတာဂရမ်ကတစ်ဆင့် မက်ဆီကို သူမအမြဲအားပေးနေကြောင်း သက်သေပြတဲ့ ဓာတ်ပုံတွေကို မကြာခဏ တင်လေ့ရှိသူဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ မက်ဆီ့ထက်စာရင် သူမက နောက်ခံကစားသမား ပီကေးနဲ့ ပိုပြီးကိုက်ညီလိမ့်မယ်လို့ ပြောခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ မက်ဆီရဲ့ ဂျာစီနဲ့ သူမရဲ့ ဆက်စီဓာတ်ပုံတွေကိုတော့ အခုထိတိုင် ရိုက်တင်နေတုန်းဖြစ်ပါတယ်။

play

 

အခုလည်း နေရာင်အောက်မှာ မှောက်လျက်သား လှဲလျောင်းနေတဲ့ သူမက မက်ဆီရဲ့ ဂျာစီကို ဖြန့်ခင်းကာထားတဲ့ ဓာတ်ပုံကို တင်လိုက်တာပါ။ ဒီပုံကိုလည်းနှစ်သက်သူ အများအပြား ရှိခဲ့ပါတယ်။

အဲဒီဓာတ်ပုံ မတိုင်ခင်မှာ ဘရာဇီးနဲ့ အာဂျင်နီးနားပွဲမတိုင်ခင်မှာလည်း မက်ဆီရဲ့ အာဂျင်တီးနားဂျာစီကိုဝတ်ပြီး အားပေးခဲ့ပါသေးတယ်။ သူမရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဘရာဇီးကိုတောင် အားမပေးဘဲ မက်ဆီပါဝင်လာမယ့် အာဂျင်တီးနားအသင်းကို အားပေးခဲ့တာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ