Other Sports: ဂျိုကိုဗစ်ကို အနိုင်ယူပြီး အန်ဒီမာရေးက ကမ္ဘာ့နံပတ်-၁ တင်းနစ်သမား အဖြစ်သတ်မှတ်ခံရ

ဂျိုကိုဗစ်က ဒီပြိုင်ပွဲမှာ လေးကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ပေမယ့် ဒီတစ်နှစ်တော့ ရပ်တန့်သွားခဲ့ပါတယ်။

play

 

ဗြိတိန်တင်းနစ်အကျော်အမော အင်ဒီမာရေးက ချန်ပီယံငါးကြိမ်ဖြစ်ထားတဲ့ ဆားဘီးယားတင်းနစ် ကစားသမား ဂျိုကိုဗစ်ကို အနိုင်ယူပြီး သူ့အတွက် ပထမဆုံး ATP ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

play

 

ဒီဆုဖလားကြောင့် အင်ဒီမာရေးဟာ ၂၀၁၆ ခုနှစ်အတွက် နံပတ်-၁ တင်းနစ်ကစားသမားနေရာကို ရရှိဖို့ သေချာနေခဲ့ပါပြီ။ လန်ဒန်မြို့ O2 Arena အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မာရေးက ဂျိုကိုဗစ်ကို ၆-၃၊ ၆-၄ ပွဲတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီဆုဖလားကြောင့် မာရေးဟာ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့နံတစ် နေရာကိုလည်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

" အနိုင်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ ကမ္ဘာ့နံပတ်-၁ နေရာကို ရတယ်ဆိုတဲ့ ခံစားချက်ကို အထူးတလည် ဖြစ်စေပါတယ်" လို့ပွဲအပြီးမှာ ချန်ပီယံ မာရေးက ပြောပါတယ်။ ဂျိုကိုဗစ်ဟာ ဒီချန်ပီယံဆုကို ငါးကြိမ်ရထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ATP ပြိုင်ပွဲ နောက်ဆုံးလေးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုပွဲမှာ အင်ဒီမာရေးကို ရှုံးနိမ့်ခဲ့တဲ့အတွက် အောင်မြင်မှု တစ်ခန်းရပ်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ