Other Sports: ဖောက်ထွင်း မြင်နေရတဲ့ ဝတ်စုံနဲ့ လမ်းမကို ထွက်လာတဲ့ အမျိုးသမီး ဘောလုံးဒိုင်လူကြီး

အတွင်းက ခန္ဓာကိုယ်တစ်ခုလုံးကို မြင်ရစေတဲ့ ဇာအင်္ကျီကိုသာ ဝတ်ဆင်ထားတာပါ။

play

 

အီတလီစီးရီးအေဘောလုံးပြိုင်ပွဲတွေကို ကိုင်တွယ်ခွင့်လက်မှတ်ရထားတဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး ဒိုင်လူကြီး ကလော်ဒီယာရိုမေနီက သူမရဲ့ ပုံအသစ်တွေကို လူမှုကွန်ရက်မှာ ပြသလိုက်ပါတယ်။

play

 

အမေရိကန်နိုင်ငံ၊ မီယာမီ ကမ်းခြေမြို့ကို ရောက်ရှိနေတဲ့သူမက လမ်းမထက်မှာ အတွင်းခံအပေါ်က ဇာအပါးလေးသာ ဝတ်ထားတဲ့ ဝတ်စုံနဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့တာဖြစ်ပါတယ်။ အထဲကို ထိုးဖောက်မြင်နေရတဲ့ သူမရဲ့ ဝတ်စုံကြောင့် လမ်းသွားလမ်းလာတွေတောင် ငေးယူရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

play

 

မီယာမီမှာ ရောက်ရှိနေခိုက် သူမဟာ southbeachroomescape အမည်ရတဲ့ ဂိမ်းပြိုင်ပွဲတစ်ခုမှာလည်း ဝင်ရောက်ပြီး ပါဝင်ခဲ့ပါသေးတယ်။ မော်ဒယ်ရုပ်သံစတားတစ်ဦးလည်းဖြစ်တဲ့ သူမဟာ မီယာမီလမ်းမထက်က ဒီဓာတ်ပုံတွေကို ပရိသတ် နှစ်သိန်းကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်ပေါ်မှာ တင်ခဲ့ပါသေးတယ်။

play

 

မကြာသေးခင်တုန်းကတော့ ကလော်ဒီယာဟာ အေစီမီလန်အသင်းဂျာစီဝတ်ပြီး ဆက်စီဓာတ်ပုံတွေ ရိုက်ကူးခဲ့တာကြောင့် ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ဘက်လိုက်တဲ့ အပြုအမူမျိုးတွေ မလုပ်သင့်ဘူးလို့ ဝေဖန်ခံခဲ့ရပါသေးတယ်။

 

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ