Other Sports: အသစ်စက်စက် ရည်းစားနဲ့ ရုပ်ဖျက်ပြီး ချိန်းတွေ့ခဲ့တဲ့ ရော်နယ်ဒို

, updated

ရော်နယ်ဒိုက ဆံပင်အတုကြီးစွပ်ကာ ရုပ်ဖျက်ထားပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ ရုပ်ဖျက်ထားပြီး ရည်းစားအသစ်နဲ့ လူမြင်ကွင်းကိုထွက်လာခဲ့ကြောင်း သိရပါတယ်။

play

 

ယခုတစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ်က ပေါ်တူဂီအသင်းက စပို့တင်းလစ္စဘွန်းနဲ့ ကစားခင်မှာ ရော်နယ်ဒိုက သူ့ရဲ့ရည်းစားအသစ်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပါရီမြို့က အပန်းဖြေပန်းခြံတစ်ခုအတွင်းမှာ သူတို့နှစ်ဦးကို တွေ့ခဲ့ကြရတာဖြစ်ပြီး ရော်နယ်ဒိုက ဆံပင်အတုတပ်ကာ နေကာမျက်မှန်ခပ်ထူထူတပ်ထားပြီး ဦးထုပ်လည်း ဆောင်းထားခဲ့တော တွေ့ရပါတယ်။

play

 

ရော်နယ်ဒိုရဲ့ ရည်းစားသစ်ဆိုတဲ့ အဆိုပါအမျိုးသမီးဟာ ဂျော်ဂျီနာရိုဒရီဂွက်ဇ်လို့ အမည်ရပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ နေထိုင်သူလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ဖက်ရှင်အမှတ်တံဆိပ် ဒေါ်လ်ဆေးနှင့်ဂါဘာနာ ပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြတာလို့ ကောလာဟလသတင်းတွေက ဆိုပါတယ်။ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပေါ်တူဂီကိုမသွားခင်မှာ ရော်နယ်ဒိုက သူ့ရဲ့ရည်းစားအသစ်နဲ့ ပြင်သစ်မှာ တိတ်တဆိတ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

play

 

လူအနည်းငယ်ရှုပ်ထွေးတဲ့ ပန်းခြံဖြစ်ပေမဲ့လည်း ရော်နယ်ဒိုရဲ့ ပုံပန်းသဏ္ဌာန်ဟာ မှတ်မိချင်စရာဖြစ်ခဲ့ပါတယ်။ ခွဲမသွားခင်မှာ သူတို့နှစ်ဦးနှုတ်ဆက်အနမ်းပေးခဲ့ကြပြီး ဂျော်ဂျီနာက ရော်နယ်ဒိုက ပြန်ဖက်ထားခဲ့တာတွေ့ရပါတယ်။

play

 

ရည်းစားသစ်ကို အချိန်ပေးခဲ့တဲ့ ရော်နယ်ဒိုက နှစ်ဦးအတူတူ သည်းထိတ်ရင်ဖိုမိုးပျံရထားလည်း စီးခဲ့ပါသေးတယ်။

ှSource : Mirror

၂၀၁၆ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရော်နယ်ဒို ရမည် ထင်ပါသလား။»

  • 74,9% ရပါမည်။
  • 25,1% မရပါ။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး