Other Sports: အတွင်းခံကလေးနဲ့ ဓာတ်ပုံအသစ်ကို ရော်နယ်ဒိုရဲ့ ရည်းစားအသစ်က အင်စတာဂရမ်မှာ ထုတ်ပြ

ရော်နယ်ဒိုနဲ့ သူမ ချိန်းတွေ့ပြီးအနမ်းခြွေနေတဲ့ သတင်းထွက်လာပြီး နောက်တစ်ရက်မှာပဲ သူမက ဒီပုံတွေ တင်လိုက်တာဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုနဲ့ ခိုင်မာတဲ့ အချစ်ရေးရှိနေပြီလို့ သတင်းတွေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ချစ်သူ ဂျော်ဂျီနာဟာ အင်စတာဂရမ်မှာ အတွင်းခံသာဝတ်ထားတဲ့ ခန္ဓာကိုယ်အလှပြ ဓာတ်ပုံကို တိုက်တိုက်ဆိုင်ဆိုင် တင်လိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ရော်နယ်ဒိုက သူ့ရဲ့အသစ်စက်စက် ချစ်သူနဲ့အတူ ပါရီမြို့က ပန်းခြံတစ်ခုအတွင်း ချိန်းတွေ့နေကြတာကို မီဒီယာတွေက ခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဆံပင်အတူစွပ်ကာ၊ နေကာမျက်မှန်တပ်ပြီး ရုပ်ဖျက်ထားပေမဲ့ ရော်နယ်ဒိုရဲ့ ပုံပန်းသဏ္ဍာန်ကို မီဒီယာတွေ မှတ်မိသွားကြပြီး သတင်းဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သူမက Denim အမှတ်တံဆိပ် ဘောင်းဘီတိုနဲ့အတူ အပေါ်မှာ ဘရာစီဝတ်ဆင်ထားတဲ့ ဖက်ရှင်ကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ ထပ်တင်လိုက်တာပါ။

 

သူမဟာ Gucci ဖက်ရှင်ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးလို့ သိရပြီး ရော်နယ်ဒိုနဲ့လည်း ဖက်ရှင်ပွဲတစ်ခုမှာ တွေ့ခဲ့ကြတာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ