Other Sports: အသင်းနိုင်ပွဲရပြီးနောက် ဇနီးသည်နှင့် အောင်ပွဲခံဗီဒီယိုကို လူမှုကွန်ရက်တွင် ဖာမီနို လွှင့်တင်

လီဗာပူးက ဆန်းဒါးလန်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

play

 

ဆန်းဒါးလန်းအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းကစားသမား ဖာမီနိုက သူ့ရဲ့ဇနီးသည်နဲ့အတူ အောင်ပွဲခံ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် လွှင့်တင်လိုက်ကြောင်း သိရပါတယ်။

play

 

ဖာမီနိုက လီဗာပူးအသင်းအတွက် ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့နိုင်ပွဲအတွက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တရားဝင်အင်စတာဂရမ်အကောင့်ကနေတစ်ဆင့်  စက္ကန့်ပိုင်းသာကြာမြင့်တဲ့ ဗီဒီယိုဖိုင်အတိုတစ်ခုကို လွှင့်တင်ခဲ့တာဖြစ်ပြီး နောက်ခံသီချင်း ကျယ်ကျယ်လောင်လောင်ကို ကြားခဲ့ရပါသေးတယ်။ ဘရာဇီးလက်ရွေးစင် ဖာမီနိုရဲ့နောက်မှာ သူ့ရဲ့ဇနီးသည် ဖြစ်သူက ထိုင်နေခဲ့တာဖြစ်ပါတယ်။

@wesleysafadao #puxaaaR10

A post shared by ROBERTOFIRMINO9 (@roberto_firmino) on

 

ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဖာမီနိုက ၈၇ မိနစ်ပါဝင်ကစားခဲ့ပြီးနောက် လူးကပ်စ်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ ဖာမီနိုဟာ ခြေထောက်ဒဏ်ရာ အသေးစားရရှိခဲ့ပြီး ဘယ်လောက်ကြာကြာ နားရမလဲဆိုတာကိုတော့ အသင်းဘက်က ထုတ်ပြောခြင်း မရှိသေးပါဘူး။ စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ ဖာမီနိုနဲ့ သူ့ရဲ့ဇနီးဖြစ်သူ လာရီဆာတို့ရဲ့ အောင်ပွဲခံပုံဟာ လူမှုကွန်ရက်မှာ ပရိသတ်သဘောကျခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ