Other Sports: ပင်ပေါင် ၆ လုံးနဲ့ တစ်ပြိုင်နက်တည်းကစားနိုင်တဲ့ စားပွဲတင်တင်းနစ်ကစားသမားနှစ်ဦး

တစ်ဆင့်ချင်းစီ ကစားသွားရာက နောက်ဆုံးမှာ ပင်ပေါင် ၆ လုံးကို တစ်ပြိုင်နက်တည်း ကစားနိုင်သွားပါတယ်။

 

စားပွဲတင်တင်းနစ် ကစားဖို့ဟာ အာရုံစူးစိုက်ဖို့၊ မျက်စိလျင်ဖို့နဲ့ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ပင်ပေါင်တစ်လုံးတည်းကို မျက်စိမခွာတမ်းကြည့်ပြီး ဆော့ရတဲ့ စားပွဲတင်တင်းနစ်ကို အမျိုးသားနှစ်ဦးကတော့ ပင်ပေါင် ၆ လုံးနဲ့ တစ်ပြိုင်နက်တည်း ကစားပြသွားခဲ့ပါတယ်။

play

 

ဖင်လန်သား ယင်းအမျိုးသားနှစ်ဦးက သူတို့ကိုယ်သူတို့ Pongfinity လို့ အမည်ပေးထားကြပါတယ်။ ပထမဆုံး ပင်ပေါင် ၂ လုံးနဲ့ ကစားပြီး နောက်ထပ် ပင်ပေါင်လုံးတွေ ထပ်ဖြည့်ကာ ကစားနိုင်တာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးက YouTube မှာလည်း စားပွဲတင်တင်းနစ်အကြောင်း တင်ဆက်နေကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Source : Mail Online

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ