Other Sports: သတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း ထထိုးခဲ့ကြတဲ့ ဒေးဗစ်ဟေးနဲ့ တိုနီဘလျူး

, updated

နှစ်ဦးသား ခေါင်းချင်းဆိုင်ရာကတစ်ဆင့် သတ်ပုတ်တဲ့အထိ ဖြစ်ပွားခဲ့တာပါ။

play

 

ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ဒေးဗစ်ဟေးနဲ့ တိုနီဘလျူးတို့ရဲ့ စိန်ခေါ်ပွဲစဉ်အတွက် အကြိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်လက်ဝှေ့သမား နှစ်ဦးဟာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အပြန်အလှန် သတ်ပုတ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

play

 

စာနယ်ဇင်းမိတ်ဆက်ပွဲမှာ သူတို့နှစ်ဦးခေါင်းချင်းဆိုင်နေတဲ့ ဓာတ်ပုံကို ရိုက်ဖို့အတွက် မီဒီယာတွေ ရှေ့ထွက်လာချိန်မှာ ဒီကိစ္စဖြစ်ပွားခဲ့တာပါ။ နှစ်ဦးသား မျက်နှာချင်းထိပြီး ရန်စောင်နေကြတဲ့အချိန်မှာ တိုနီဘလျူးဘက်က ဒေးဗစ်ဟေးကို တွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒေးဗစ်ဟေးက ပရောက်ဖက်ရှင်နယ် လက်ဝှေ့သမားပီပီ တိုနီဘလျူးကို ဘယ်ဘက်လက်က ဝိုက်လက်သီးတစ်ချက်နဲ့ ထိုးလိုက်တာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ဟေးရဲ့ လက်သီးချက်ဟာတိုနီ့ကိုတော့ ထိမသွားခဲ့ပါဘူး။

သူတို့နှစ်ဦးရဲ့ စိန်ခေါ်ပွဲဟာ လာမယ့်နှစ်မတ်လ ရောက်မှ ထိုးသတ်ကြမှာဖြစ်ပါတယ်။ ဒေးဗစ်ဟေးက သူ့ရဲ့ပြိုင်ဘက်ကို ချိုးချိုးနှိမ်နှိမ်ပြောကြားထားကာ သူအရက်မူးပြီး ဒီပွဲကို ထိုးရင်တောင်မှ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်ကို လက်သီးနဲ့ ထိုးလိုက်တဲ့ ဒေးဗစ်ဟေးရဲ့ လုပ်ရပ်ကို အချို့က ဝေဖန်လျက်ရှိပါတယ်။

 

" ကျွန်တော်ဒီနေ့ညကစပြီး ထိုးသတ်မယ့်နေ့ရောက်တဲ့အထိ ကလပ်သွားမယ်ဆိုရင်တောင်မှ ခင်ဗျားကို အလဲထိုးနိုင်သေးတယ်" လို့ ဟေးက ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ