Other Sports: ရေမွှေးအသစ် ထုတ်လိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ထုတ်လုပ်လိုက်တဲ့ ဒုတိယမြောက် ရေမွှေးဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုဟာ အလှအပနဲ့ ဖက်ရှင်ရေးရာမှာလည်း ဝါသနာထုံသူဖြစ်တဲ့အတိုင်း အခုလည်း သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြန်ပါပြီ။

play

 

ရော်နယ်ဒိုက Legacy: Private Edition လို့ အမည်ပေးထားတဲ့ ရေမွှေးကို ထုတ်လုပ်ဖြန့်ချိလိုက်တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့အတွက် အားကိုးရတဲ့ သူငယ်ချင်းဖြစ်တဲ့ ရစ်ကီရီဂ်က်ဖ်နဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ဇ်တို့က ပါဝင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးအားကစားသာမက ဖက်ရှင်ရေးရာနဲ့ အလှအပထုတ်ကုန်တွေအပြင်၊ ဟိုတယ်တွေပါ ဖွင့်လှစ်ထားသူဖြစ်ပါတယ်။

play

 

" နယ်ပယ်တိုင်းမှာ ကျွန်တော်ဟာ ကြေးစားတစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဒီတစ်ခုကိုလည်း ဒီလိုပဲ သဘောထားပါတယ်။ အရင်ထုတ်ကုန်တွေတိုင်းမှာ ကျွန်တော်ပါဝင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်မိတ်ဆွေတွေရဲ့ အကူအညီရယူခဲ့ရပါတယ်" လို့ ရော်နယ်ဒိုက ဆိုပါတယ်။

 

ရော်နယ်ဒိုဟာ ဒီရေမွှေးမတိုင်ခင်မှာ ပထမဆုံးရေမွှေးထုတ်ကုန် ထုတ်လုပ်ခဲ့ပြီး အခုက ဒုတိယမြောက် ရေမွှေးထုတ်ကုန် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ချစ်သူနဲ့ ချိန်းတွေ့တဲ့ ညတွေမှာ ဒီရေမွှေးက အကူအညီပေးလိမ့်မယ်လို့ ရော်နယ်ဒိုက သူ့ရဲ့ရေမွှေးထုတ်ကုန်အတွက် ကြေညာခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ