Other Sports: အသတ်အပုတ် ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီးနောက် ကြိုးဝိုင်းမော်ဒယ်ကို လက်သီးနှင့်ထိုးလိုက်သည့် တိုက်ခိုက်ရေးသမား

ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အဆိုပါတိုက်ခိုက်ရေးသမားက အံ့အားသင့်သွားခဲ့တာပါ။

MMA Fighter punches ring girl
play

 

The Beast လို့ လူသိများတဲ့ တိုက်ခိုက်သတ်ပုတ်ရေးသမား တစ်ဦးဟာ MMA ပြိုင်ပွဲမှာ ပြိုင်ဘက်နဲ့ ထိုးသတ်ပြီးနောက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ကာ သူ့နံဘေးက ကြိုးဝိုင်းမော်ဒယ်အမျိုးသမီးတစ်ဦးကို ထိုးနှက်လိုက်ကြောင်း သိရပါတယ်။

အင်ဒရူးဝှစ်တနေလို့ အမည်ရတဲ့ အဆိုပါတိုက်ခိုက်ရေးသမားဟာ Titan ချန်ပီယံရှစ်ကြိုးဝိုင်းတိုက်ပွဲ အပတ်စဉ် ၄၂ မှာ ပြိုင်ဘက် ဖက်ဖ်ဟတ်ရှာရီပို့ဗ်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ဝှစ်တနေဟာ လေးပွဲဆက်အနိုင်ရလာခဲ့တာကြောင့် ဒီပွဲမှာလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ သူအနိုင်ရမယ်လို့  ထင်ထားခဲ့ပုံရပါတယ်။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ အနိုင်ရသူကို မကြေညာခင်မှာ ကွင်းထဲက ဒိုင်က သတ်ပုတ်ရေးသမားနှစ်ဦးရဲ့လက်ကို ထုံးစံအရ ဆွဲကိုင်ထားခဲ့ပါတယ်။

play

 

အဲဒီနောက် ဒိုင်တွေက အနိုင်ရသူမှာ ရှာရီပို့ဗ်ဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါ ဝှစ်တနေဟာ အလွန်အံ့အားသင့်သွားပြီး တဆက်တည်း ဆိုသလို သူ့ရဲ့နောက်မှာ ရပ်နေတဲ့ ကြိုးဝိုင်းမော်ဒယ်အမျိုးသမီးထံကို လက်သီးတစ်လုံးပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေအပြင် ရုပ်သံကင်မရာတွေကပါ အနိုင်ရသူကို မကြေညာခင်မှာ ဝှစ်တနေထံကို အာရုံရောက်နေခဲ့တာ ဖြစ်ပြီး သူသာ အနိုင်ရမယ်လို့ အားလုံးက ယုံကြည်ထားကြတာဖြစ်ပါတယ်။

play
တိုက်ခိုက်ရေးသမား ဝှစ်တနေ (ညာဘက်မှ ဒုတိယလူ)

 

ဘေးနားက အမျိုးသမီးကို တိုက်ခိုက်ရေးသမား ဝှစ်တနေက လှည့်ထိုးလိုက်တဲ့ အချိန်မှာ ကင်မရာဟာ ရုတ်ချည်းမြင်ကွင်းပြောင်းသွားခဲ့ပြီး နိုင်ပွဲအတွက် အောင်ပွဲခံနေတဲ့ ရှာရီပို့ဗ်ထံကို ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းသတင်းတွေအရ  တိုက်ခိုက်ရေးသမား ဝှစ်တနေဟာ အဆိုပါမျိုးသမီးကို ထိုးနှက်လိုက်ပြီးနောက် သူ့အမှားမှန်းသိသွားကာ ပြန်လည်ဆွဲဖမ်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မိန်းကလေးဟာ ပြန်သက်သာလာပြီဖြစ်ပြီး ဒဏ်ရာထက် သူအထိုးခံလိုက်ရတဲ့အဖြစ်ကို အံ့သြလျက် ရှိပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ