Other Sports: သမီးဖြစ်သူ ဈေးဝယ်ထွက်ရာတွင် အဖော်လိုက်ပေးရသဖြင့် စိတ်ညစ်နေသည့် မော်ရင်ဟို

Victoria's Secret ဆိုင်ထဲမှာ မျက်နှာမသာမယာနဲ့ ထိုင်စောင့်နေရတဲ့ မော်ရင်ဟိုကို တွေ့ခဲ့ရပါတယ်။

play

 

မန်ယူအသင်းမန်နေဂျာ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်မှာ အသင်းရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး အလုပ်တွေ ရှုပ်နေပေမဲ့ သမီးဖြစ်သူကို အချိန်ပေးဖို့လည်း မမေ့ခဲ့ပါဘူး။

မော်ရင်ဟိုဟာ စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ သမီးဖြစ်သူ မာတီလ်ဒေး ဈေးဝယ်ထွက်တာကို အဖော်လိုက်ပေးခဲ့ရကြောင်း သိရပါတယ်။ ဒါပေမဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ထဲကို လိုက်သွားရပြီး နောက်မှာတော့ မော်ရင်ဟိုဟာ မပျော်မရွှင် ဖြစ်နေတာကို သတင်းထောက်တွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

play

 

အသက် ၅၃ နှစ်အရွယ်ရှိပြီိဖြစ်တဲ့ မော်ရင်ဟိုဟာ ၁၉ နှစ်အရွယ် သမီးဖြစ်သူရဲ့ ဈေးဝယ်အိတ်တွေကို အတူဆွဲပေးပြီး Victoria's Secret ဆိုင်ထဲက ပြန်ထွက်လာတာကိုတွေ့ရပါတယ်။ ပရီးမီးယားလိဂ် သုံးပွဲဆက်နိုင်ပွဲပျောက်ထားတဲ့မန်ယူအသင်းက ဒီနေ့ညမှာ စပါးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

play

 

" မော်ရင်ဟိုက ထိပ်သီးမန်နေဂျာတစ်ဦးပါ။ ကျွန်တော်က သူ့ရဲ့နောက်မှာပဲရှိနေပါသေးတယ်။ ဒီတော့ ခင်ဗျားတို့ ကျွန်တော့်ကို

သူနဲ့နှိုင်းလို့ မရပါဘူး။ သူ့ကိုကျွန်တော်လေးစားတာတွေ အများကြီးပါ" လို့ စပါးနည်းပြ ပိုချက်တီနိုက ဒီရက်ပိုင်းအတွင်း ပြောခဲ့ပါသေးတယ်။

Source : Mirror

ရာသီအကုန်တွင် မန်ယူချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ