Other Sports: ချို့တဲ့သည့် ကလေးများကို လက်ဆောင်ပေးရန် ပေါင် ငါးသိန်းဖိုး အရုပ် ဝယ်ခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာမြို့က အိမ်ခြေရာမဲ့တွေအတွက်လည်း အိပ်ရာတွေဝယ်ပေးခဲ့ပါသေးတယ်။

play

 

မန်ယူအသင်း ကစားသမားဟောင်းဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ ဒီနှစ်ခရစ္စမတ်ကာလအတွက် ဒေါ်လာငါးသိန်းတန်ဖိုးရှိတဲ့ အရုပ်တွေ ဝယ်ယူလိုက်ပြီး ကလေးငယ်တွေကို လက်ဆောင်ပေးလိုက်ကြောင်း သိရပါတယ်။

သက်ရှိ ဆန်တာကလော့စ်လို့ ဗြိတိန်မီဒီယာတွေ ဝိုင်းပြီးအမည်ပေးနေကြတဲ့ ရီယိုဖာဒီနန်ဟာ မန်ချက်စတာမြို့မှာရှိတဲ့ အိမ်ခြေရာမဲ့တွေ ဒီနှစ်ဆောင်းတွင်းကို နွေးနွေးထွေးထွေးဖြတ်သန်းနိုင်ဖို့အတွက်လည်း ခေါင်းအုံး၊ မွေ့ယာနဲ့ စောင် တစ်ပါတည်းပါဝင်တဲ့ အိပ်ရာတွေကို စတာလင်ပေါင် ၁၁၅,၀၀ ဖိုး ဝယ်ယူပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဖာဒီနန်ဟာ သူဝယ်ယူထားတဲ့ မြောက်မြားလှစွာသော အရုပ်တွေကို ငွေကြေးမပြည့်စုံတဲ့ ကလေးငယ်တွေထံ အဓိကထားပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

play

 

ကလေးသုံးဦးဖခင်လည်းဖြစ်တဲ့ ဖာဒီနန်က အရုပ်လက်ဆောင်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီးအခုလို ပြောပါတယ်။ " ကျွန်တော်ကိုယ်တိုင်လည်း ဖခင်တစ်ယောက်ဖြစ်နေတဲ့အတွက် ဒီနှစ်ခရစ္စမတ်မှာ လက်ဆောင်မရတဲ့ ကလေးတွေကို မမြင်လိုပါဘူး။ လာမယ့် ခရစ္စမတ်နေ့မှာ ကလေးတွေရဲ့မျက်နှာလေးတွေ ပြုံးသွားအောင် ကျွန်တော်ကူညီပေးတာပါ။" လို့ ဖာဒီနန်က ဆိုပါတယ်။

play

 

ဖာဒီနန်အခြေစိုက်ရာ မန်ချက်စတာမြို့ ငွေကြေးမကြွယ်ဝတဲ့ မိသားစုက ကလေးငယ်တွေကို ပြီးခဲ့တဲ့ တစ်ပတ်က မြောက်မြားစွာသော အရုပ်လက်ဆောင်တွေ ပေးခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမားဟောင်း ဖာဒီနန်ဟာ မန်ချက်စတာမြို့အတွင်းမှာပဲ အီတလီစားသောက်ဆိုင်တစ်ခုကို ရှယ်ယာထည့်ဝင်ပြီး ဖွင့်လှစ်ထားပါသေးတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဖာဒီနန်ဟာ လက်ရွေးစင်ဘောလုံးအသင်းအတွက် ၈၁ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ