Other Sports: သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဆုကြေးငွေ စံချိန်တင်တိုးမြှင့်

ဒုတိယဆုနဲ့ ချန်ပီယံဆု ရရှိသူတွေအတွက် ဆုကြေးငွေပမာဏကို ၉ ရာခိုင်နှုန်းထိ တိုးမြှင့်ထားကြောင်း ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။

play


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ ဆုကြေးငွေစုစုပေါင်း ပမာဏကို ၁၄ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ် သြစတြးလျအိုးပင်း ဆုကြေးငွေပမာဏကို အမေရိကန်ဒေါ်လာ ၃၆.၂၅ သန်းသို့ တိုးမြှင့်လိုက်ပြီး တစ်ဦးချင်းပွဲစဉ်တွေမှာ ချန်ပီယံဆုဆွတ်ခူးသူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂.၆ သန်းကျော် ရရှိမှာဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

၂၀၁၆ သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲ


ယခုတိုးမြှင့်လိုက်တဲ့ သြစတြေးလျအိုးပင်း စုစုပေါင်း ဆုကြေးငွေပမာဏဟာ ၂၀၀၁ ခုနှစ်ကထက် သုံးဆကျော်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကထက် ဒေါ်လာ ၇.၂ သန်း တိုးမြင့်လာပါတယ်။ ပြိုင်ပွဲစီစဉ်သူတွေက အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့တဲ့ ကစားသမားတွေအတွက်လည်း ဆုကြေးတိုးမြှင့်ရန် အလေးထား စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

play


ပြိုင်ပွဲရဲ့ ပထမအဆင့်မှ ရှုံးနိမ့်ထွက်ခွာရတဲ့ ကစားသမားကိုလည်း ဒေါ်လာ ၃၆,၀၀၀ ပေးအပ်သွားမှာဖြစ်ပြီး ယမန်နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးမြင့်လာပါတယ်။ အလားတူ ဒုတိယအဆင့်မှ ထွက်ခွာရတဲ့ ကစားသမားကို ၂၉ ရာခိုင်နှုန်း တိုးမြင့်ပြီး ဒေါ်လာ ၅၇,၀၀၀ ကျော်၊ တတိယအဆင့်မှ ထွက်ခွာရသူကို ဒေါ်လာ ၉၃,၀၀၀ ကျော်နဲ့ စတုတ္ထအဆင့်မှ ထွက်ခွာရသူကို ဒေါ်လာ ၂၂၀,၀၀၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ကွာတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ်၊

ဒုတိယဆုနဲ့ ချန်ပီယံဆု ရရှိသူတွေအတွက် ဆုကြေးငွေပမာဏကို ၉ ရာခိုင်နှုန်းထိ တိုးမြှင့်ထားကြောင်း ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။ ၂၀၁၇ ခုနှစ် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှစပြီး မဲလ်ဘုန်းမြို့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ