Other Sports: နောက်ထပ်နပန်းမယ်တစ်ဦး၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ ပေါက်ကြား

ဖုန်းထဲက ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေပေါက်ကြားလာပြန်ပါတယ်။

ပေ့ခ်ျရဲ့ ဖုန်းဖောက်ထွင်းခံရပြီးနောက် သူမရဲ့ အဝတ်မပါဓာတ်ပုံတွေနဲ့အတူ နပန်းသမားနဲ့ချစ်တင်းနှောတဲ့ ဗီဒီယိုဖိုင်ပါ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီး ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ်နပန်းမယ်ဟောင်းဖြစ်တဲ့ ကိတ်လင်းရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေအွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ကိတ်လင်းဟာ WWE ပြိုင်ပွဲမှာ ကြေးစားတစ်ဦးဖြစ်ခဲ့စဉ်က ၂၀၁၃ ခုနှစ်မှာ ချန်ပီယံခါးပတ်ရခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

play

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ကိတ်လင်းဟာ ၂၀၁၄ ခုနှစ်မှာ နပန်းပြိုင်ပွဲကြေးစားသမားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အခုကိတ်လင်းရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ပေါက်ကြားလာမှုဟာ ပေ့ခ်ျလောက်တော့ မဆိုးရွားဘူးလို့ဆိုနိုင်ပါတယ်။ နပန်းမယ်ပေ့ခ်ျဆိုရင် သူ့ရဲ့ဖုန်းဖောက်ထွင်းခံရပြီးတဲ့နောက်မှာ ဖော်ချွတ်ဓာတ်ပုံတွေအပြင် Sex toy နဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊  အခြားနပန်းသမားနှစ်ဦးနဲ့ ချစ်တင်းနှောနေတဲ့ ဗီဒီယိုတွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

play

 

သူမကိုယ်တိုင်ဖုန်းဖောက်ထွင်းယူခံရတယ်လို့ ဝန်ခံခဲ့ရပြီး တွစ်တာကနေတစ်ဆင့် ပြန်လည်ရှင်းချက်ထုတ်ခဲ့ရပါတယ်။Paige နဲ့ အခြား နပမ်းသမား နှစ်ဦးတို့ ဓာတ်ပုံလည်းပါဝင်သွားတဲ့အတွက် အဲဒီဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အသုံးချပြီး Sex Tape အဖြစ်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ " ကျွန်မလည်း လူသားတွေထဲက လူသားတစ်ယောက်ပါပဲ"လို့ Paige က သူမရဲ့ တွစ်တာပေါ်မှာ ရေးသားကြေညာခဲ့ပါတယ်။

play

 

 သူမရဲ့ ဖုန်းဖောက်ထွင်းခံရကြောင်းလည်း ကြေညာခဲ့ပါတယ်။ Paige ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေခိုးယူခံရပြီးနောက် သူမရဲ့အမေကလည်း သူမဘက်က ရာနှုန်းပြည့်ထောက်ခံတယ်လို့ တွစ်တာကတဆင့် ကြေညာခဲ့ပါသေးတယ်။

 

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ