ကာဘာ vs မက်ကာရိုဗာ (ပြင်သစ်အိုးပင်း)


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့အဆင့် နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ နာမည်ကြီး ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ကာဘာ ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။

ကာဘာဟာ ပထမအဆင့်မှာပင် ရုရှားတင်းနစ်မယ် မက်ကာရိုဗာကို ၆-၂၊ ၆-၂ ဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ (မေလ ၂၈ ရက်) ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဘာနဲ့ မက်ကာရိုဗာတို့ရဲ့ ပွဲစဉ်ဟာ ၁ နာရီ ၂၂ မိနစ် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

ကာဘာဟာ ယခုနှစ် ပြင်သစ်အိုးပင်းမှာ နိုင်ခြေအဆင့် ထိပ်ဆုံးစာရင်းဝင်ခဲ့ပြီး ပထမအဆင့်မှာပင် ရှုံးနိမ့်ထွက်ခွာခဲ့ရတဲ့ ပထမဆုံး တင်းနစ်မယ်လည်း ဖြစ်ခဲ့ပါတယ်။

ယမန်နှစ်ကလည်း ပထမဆင့်မှာပင် ရှုံးနိမ့်ထွက်ခွာခဲ့ရတဲ့ ကာဘာဟာ ယခုနှစ် ပြင်သစ်အိုးပင်း မစတင်မီမှာ အောင်မြင်မှုရနိုင်တဲ့ တင်းနစ်မယ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

play
ရုရှားတင်းနစ်မယ် မက်ကာရိုဗာ


ကာဘာဟာ ယခုနှစ် မေလအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ကာဘာက နံပါတ်တစ်နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး သူမကို အနိုင်ယူခဲ့တဲ့ မက်ကာရိုဗာက အဆင့် ၄၀ မှာ ရပ်တည်နေပါတယ်။

ယခင် ကမ္ဘာ့အဆင့် နံပါတ်တစ်နေရာမှ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက ပထမဆုံး ကလေးမွေးဖွားရန် တင်းနစ်ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်မှု ရပ်နားထားခဲ့ရာ ကာဘာက နံပါတစ်နေရာကို ရယူခဲ့တာ ဖြစ်ပါတယ်။

play
ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ကာဘာ


သို့သော် အသက် ၂၉ နှစ်အရွယ် ကာဘာဟာ ယခုနှစ် ပြိုင်ပွဲတွေမှာ ရုန်းကန်ခဲ့ရပြီး ဗိုလ်လုပွဲကို တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့ကာ ပြင်သစ်အိုးပင်း မတိုင်မီ မြေစေးကွင်းပြိုင်ပွဲတွေမှာ ၃ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ကာဘာက ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားကြောင်း သိရပါတယ်။

ကာဘာကို အနိုင်ယူခဲ့တဲ့ မက်ကာရိုဗာကတော့ ဂရင်းဆလင်းပြိုင်ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ် ၂ ကြိမ်၊ ကွာတားဖိုင်နယ် တစ်ကြိမ်နဲ့ စတုတ္ထအဆင့်ကို ၂ ကြိမ် တက်ရောက်ထားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွေကို ဇွန်လ ၁၀ ရက်အထိ ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play

ကာဘာရဲ့ အောင်မြင်မှုများ

  • သြစတြေးလျအိုးပင်း - ချန်ပီယံဆု (၂၀၁၆)
  • ပြင်သစ်အိုးပင်း - ကွာတားဖိုင်နယ်အဆင့် (၂၀၁၂)
  • ဝင်ဘယ်ဒန် - ဗိုလ်လုပွဲအဆင့် (၂၀၁၆)
  • ယူအက်စ်အိုးပင်း - ချန်ပီယံဆု (၂၀၁၆)

မက်ကာရိုဗာရဲ့ အောင်မြင်မှုများ

  • သြစတြေးလျအိုးပင်း - ဆီမီးဖိုင်နယ်အဆင့် (၂၀၁၅)
  • ပြင်သစ်အိုးပင်း - စတုတ္ထအဆင့် (၂၀၁၁၊ ၂၀၁၅)
  • ဝင်ဘယ်ဒန် - ကွာတားဖိုင်နယ်အဆင့် (၂၀၁၄)
  • ယူအက်စ်အိုးပင်း - ဆီမီးဖိုင်နယ်အဆင့် (၂၀၁၄)

Source & Photo: BBC, Daily Mail, French Open

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video