ကွန်တာနဲ့ ဆူဝေ ပြင်သစ်အိုးပင်း တင်းနစ်ပွဲစဉ်

 
ဗြိတိန် နံပါတ်တစ် တင်းနစ်မယ် ဂျိုဟန်နာကွန်တာ ပြင်သစ်အိုးပင်း ပထမအဆင့်မှာပင် အံ့အားသင့်ဖွယ် ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ကွန်တာဟာ ကမ္ဘာ့အဆင့် ၁၀၉ မှ ဆူဝေကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်တင်းနစ်မယ် ဆူဝေက ပြင်သစ်အိုးပင်းမှာ နိုင်ခြေအဆင့် ၇ အထိ သတ်မှတ်ခံထားတဲ့ အသက် ၂၆ နှစ်အရွယ် ကွန်တာကို ၁-၆၊ ၇-၆၊ ၆-၄ ဖြင့် အနိုင်ယူခဲ့ပါတယ်။

play
ထိုင်ဝမ်တင်းနစ်မယ် ဆူဝေ


ကွန်တာဟာ ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲတွေရဲ့ ပထမအဆင့်မှာပင် ၃ ကြိမ်ဆက်တိုက် ရှုံးနိမ့်ထွက်ခွာခဲ့ရပြီးနောက်ပိုင်း နိုင်ပွဲမရသေးတာလည်း ဖြစ်လာပါတယ်။ "ကျွန်မ ပြိုင်ဘက်အတွက် အခွင့်အရေးအချို့ သေချာပေါက် ဖန်တီးမိခဲ့ပါတယ်၊ ကျွန်မ ဒါကို ပြန်မပြောင်းနိုင်ခဲ့ပါဘူး၊ ကျွန်မရဲ့ ပြိုင်ဘက်က အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ကွန်တာက ပွဲအပြီးမှာ ပြောပါတယ်။

play


ကွန်တာနဲ့ ဆူဝေတို့ရဲ့ ပြင်သစ်အိုးပင်း ပထမအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုဟာ ၂ နာရီ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ ကွန်တာဟာ ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ယမန်နှစ် သြစတြေးလျအိုးပင်းမှာ ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ယနေ့ (မေလ ၃၀ ရက်) ပွဲစဉ်မှာ ကွန်တာကို အနိုင်ရခဲ့တဲ့ ထိုင်ဝမ်တင်းနစ်မယ် ဆူဝေကတော့ ဂရင်းဆလင်းပြိုင်ပွဲတွေမှာ အမြင့်ဆုံးအဖြစ် ယမန်နှစ် သြစတြေးလျအိုးပင်း စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play
ဗြိတိန်နံပါတစ် တင်းနစ်မယ် ကွန်တာ

ကွန်တာရဲ့ ဂရင်းဆလင်းအဆင့် အောင်မြင်မှုများ

  • သြစတြေးလျအိုးပင်း - ဆီမီးဖိုင်နယ်တက်ရောက် (၂၀၁၆)
  • ပြင်သစ်အိုးပင်း - ပထမအဆင့် (၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇)
  • ဝင်ဘယ်ဒန် - ဒုတိယအဆင့် (၂၀၁၆)
  • ယူအက်စ်အိုးပင်း - စတုတ္ထအဆင့် (၂၀၁၅၊ ၂၀၁၆)

ဆူဝေရဲ့ ဂရင်းဆလင်းအဆင့် အောင်မြင်မှုများ

  • သြစတြေးလျအိုးပင်း - စတုတ္ထအဆင့် (၂၀၀၈)
  • ပြင်သစ်အိုးပင်း - ဒုတိယအဆင့် (၂၀၁၆၊ ၂၀၁၇)
  • ဝင်ဘယ်ဒန် - တတိယအဆင့် (၂၀၁၂)
  • ယူအက်စ်အိုးပင်း - ဒုတိယအဆင့် (၂၀၀၈၊ ၂၀၁၃)

Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video