မာရေးနဲ့ ကုဇညက်ဆော့ဗ် ပြင်သစ်အိုးပင်း တင်းနစ်ပွဲစဉ်


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား အန်ဒီမာရေးက အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။ မေလ ၃၀ ရက်က ကစားခဲ့တဲ့ ပွဲစဉ်မှာ နာမည်ကြီး ဗြိတိန်တင်းနစ်ကစားသမား မာရေးက ရုရှားမှ အန်ဒရီ ကုဇညက်ဆော့ဗ်ကို ၆-၄၊ ၄-၆၊ ၆-၂၊ ၆-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

play
ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား မာရေး


မာရေးနဲ့ ကုဇညက်ဆော့ဗ်တို့ရဲ့ ပွဲစဉ်ဟာ ပွဲကစားချိန် ၂ နာရီနဲ့ ၃၂ မိနစ် ကြာမြင့်ခဲ့ပါတယ်။ မာရေးဟာ ဒုတိယအဆင့်မှာ ဆလိုဗက်ကီးယား တင်းနစ်ကစားသမား မာတင်ကလီဇန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မာရေးဟာ ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ၃ ကြိမ် ရရှိထားခဲ့ပြီး ပြင်သစ်အိုးပင်းမှာတော့ ချန်ပီယံဆု မရရှိသေးပါဘူး။ ယမန်နှစ် ပြင်သစ်အိုးပင်းမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမဲ့ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

play
ရုရှားတင်းနစ်ကစားသမား အန်ဒရီ ကုဇညက်ဆော့ဗ်

အန်ဒီမာရေးရဲ့ ဂရင်းဆလင်းအဆင့် အောင်မြင်မှုများ

  • သြစတြေးလျအိုးပင်း - ဗိုလ်လုပွဲတက်ရောက် (၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆)
  • ပြင်သစ်အိုးပင်း - ဗိုလ်လုပွဲတက်ရောက် (၂၀၁၆)
  • ဝင်ဘယ်ဒန် - ချန်ပီယံဆု (၂၀၁၃၊ ၂၀၁၆)
  • ယူအက်စ်အိုးပင်း - ချန်ပီယံဆု (၂၀၁၂)

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video