နာဒယ်နဲ့ ရော်ဘင် ပြင်သစ်အိုးပင်း တင်းနစ်ပွဲစဉ်


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွေမှာ နာမည်ကြီး တင်းနစ်ကစားသမားတွေ ဖြစ်ကြတဲ့ ရာဖေးလ်နာဒယ်နဲ့ နိုဗက်ခ်ဂျိုကိုဗစ်တို့ တတိယအဆင့်ကို အသီးသီး တက်ရောက်သွားခဲ့ပါတယ်။ ပြင်သစ်အိုးပင်းမှာ နိုင်ခြေအဆင့် ၄ သတ်မှတ်ခံထားရတဲ့ စပိန်သား နာဒယ်က ဒတ်ခ်ျ တင်းနစ်ကစားသမား ရော်ဘင်ဟာစီကို ၆-၁၊ ၆-၄၊ ၆-၃ ဖြင့် ပွဲကစားချိန် ၂ နာရီမပြည့်မီ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၄ နေရာမှ နာဒယ်ဟာ ပြင်သစ်အိုးပင်းမှာ အောင်မြင်မှုအစဉ်အလာကောင်း ပိုင်ဆိုင်ထားသူဖြစ်ပြီး ချန်ပီယံဆု ၉ ကြိမ်အထိ ရယူထားနိုင်ပါတယ်။ နာဒယ်က ကစားသမားသက်တမ်းတစ်လျှောက် ပြင်သစ်အိုးပင်းပွဲစဉ် ၇၆ ပွဲ ကစားခဲ့ပြီး ၇၄ ပွဲအထိ အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။

play


တင်းနစ်နောက်ထပ် နာမည်ကြီး ဆားဘီးယာ တင်းနစ်ကစားသမား ဂျိုကိုဗစ်ကလည်း ပေါ်တူဂီမှ ဂျိုအာအိုဆော့စာကို ၆-၁၊ ၆-၄၊ ၆-၃ ဖြင့်ပင် အနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်မှာ ၂ နာရီနဲ့ ၇ မိနစ် ကြာမြင့်ခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပင်းမှာ နိုင်ခြေအဆင့် ၂ အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

play


ပြင်သစ်အိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ နာဒယ်နဲ့ဂျိုကိုဗစ် တွေ့ဆုံမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ် နာဒယ်က ဂရင်းဆလင်းအဆင့် ချန်ပီယံဆု ၁၄ ကြိမ် ရရှိထားပြီး ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား ဂျိုကိုဗစ်ကတော့ ဂရင်းဆလင်းဆုဖလား ၁၂ ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။

နာဒယ်ရဲ့ ဂရင်းဆလင်းအဆင့် ချန်ပီယံဆုရရှိထားမှု

  • သြစတြေးလျအိုးပင်း - ၁ ကြိမ် (၂၀၀၉)
  • ပြင်သစ်အိုးပင်း - ၉ ကြိမ် (၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄)
  • ဝင်ဘယ်ဒန် - ၂ ကြိမ် (၂၀၀၈၊ ၂၀၁၀)
  • ယူအက်စ်အိုးပင်း - ၂ ကြိမ် (၂၀၁၀၊ ၂၀၁၃)

ဂျိုကိုဗစ်ရဲ့ ဂရင်းဆလင်းအဆင့် ချန်ပီယံဆုရရှိထားမှု

  • သြစတြေးလျအိုးပင်း - ၆ ကြိမ် (၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆)
  • ပြင်သစ်အိုးပင်း - ၁ ကြိမ် (၂၀၁၆)
  • ဝင်ဘယ်ဒန် - ၃ ကြိမ် (၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅)
  • ယူအက်စ်အိုးပင်း - ၂ ကြိမ် (၂၀၁၁၊ ၂၀၁၅)

Source & Photo: French Open, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video