ဆရီနာနဲ့ သူမရဲ့လက်တွဲဖော်အိုဟန်နီယန်တို့ဟာ ယမန်နှစ် ဒီဇင်ဘာလမှာ စေ့စပ်ခဲ့ကြပါတယ်။



နာမည်ကြီး အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက သူမရဲ့ သမီးဦးလေးကို ဖလော်ရီဒါရှိ ဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့ကြောင်း သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆရီနာဟာ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၁၀ ရက်) က ဖလော်ရီဒါပြည်နယ် West Palm Beach ရှိ St Mary's Medical Center ဆေးရုံမှာတက်ရောက်ခဲ့ပါတယ်။

ဆရီနာဝီလျံတို့စုံတွဲ



ဆရီနာရဲ့ လက်တွဲဖော်မှာ Reddit ဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူ အဲလက်စ် အိုဟန်နီယန်ဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်မှာ စေ့စပ်ခဲ့ကြောင်း ကြေညာထားပါတယ်။ ဆရီနာက အိုဟန်နီယန်နဲ့ လက်ထပ်ပြီးနောက် ဆန်ဖရန်စစ္စကိုမှာ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

See also:

ဂရင်းဆလင်းချန်ပီယံဆုကို ၂၃ ကြိမ်အထိ ရရှိထားတဲ့ ဆရီနာက ကလေးမွေးပြီးနောက် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ့် သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့အတူ တင်းနစ်ပြန်ကစားမယ်လို့ ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။

ဆရီနာ သမီးလေးမွေးဖွားမှုကို နာမည်ကြီး အားကစားသမားတွေနဲ့ အနုပညာရှင်တွေက ဂုဏ်ပြုမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အဆိုတော် ဘီယွန်းစ်က အင်စတာဂရမ်မှာ ဂုဏ်ပြုထားမှု



ညီမဖြစ်သူ ဆရီနာ ကလေးမွေးဖွားမှုအပေါ် အလွန်စိတ်လှုပ်ရှားမိပြီး နှိုင်းယှဉ်ပြစရာ စကားလုံးပင်မရှိကြောင်း ဗီးနပ်စ်ဝီလျံက ပြောပါတယ်။ ဗီးနပ်စ်က လက်ရှိ ကျင်းပပြုလုပ်နေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

[No available link text] 

သမီးလေးမွေးဖွားမှုကို ဆရီနာတို့စုံတွဲက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ ဆရီနာရဲ့ နည်းပြဖြစ်သူ ပက်ထရစ် မိုရာတော့ဂ်လူးက "ငါ မင်းအတွက် အရမ်းပျော်ရွှွင်မိပါတယ်၊ မင်းရဲ့ စိတ်ခံစားမှုကို ငါ ခံစားမိပါတယ်" လို့ Twitter မှာ ရေးသားထားပါတယ်။

ကလေးမွေးပြီး အမြန်ဆုံး ပုံမှန်အခြေအနေကို ပြန်ရောက်လာဖို့ ဆန္ဒပြုကြောင်းနဲ့ လုပ်စရာတွေ အများကြီး စောင့်ကြိုနေတယ်လို့လည်း ဆရီနာရဲ့နည်းပြက Twitter မှာ ပြောထားပါတယ်။

၂၀၁၇ ခုနှစ် သြစတြေးလျအိုးပင်း ချန်ပီယံဆု ရရှိခဲ့စဉ်က ဆရီနာဝီလျံ



ကမ္ဘာကျော်တင်းနစ်မယ် ဆရီနာက ကိုယ်ဝန်ရှိနေကြောင်းကို ဧပြီလအတွင်း Snapchat မှာ ဓာတ်ပုံတင်မိရာက ပရိသတ်တွေကို မတော်တဆ ထုတ်ဖော်ခဲ့မိတာလည်း ဖြစ်ပါတယ်။

ယခုနှစ် သြစတြေးလျအိုးပင်းမှာ ချန်ပီယံဆု ရရှိထားတဲ့ ဆရီနာက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ သြစတြေးလျအိုးပင်းမှာလည်း သူမရဲ့ ချန်ပီယံဆုကို ကာကွယ်သွားလိုကြောင်း ပြောကြားထားပါတယ်။

ဆရီနာဝီလျံ ဂရင်းဆလင်းချန်ပီယံဆု ရရှိထားမှု

  • သြစတြေးလျအိုးပင်- ၇ ကြိမ် (၂၀၀၃၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၅၊ ၂၀၁၇)
  • ပြင်သစ်အိုးပင်း - ၃ ကြိမ် (၂၀၀၂၊ ၂၂၀၁၃၊ ၂၀၁၅)
  • ဝင်ဘယ်ဒန် - ၇ ကြိမ် (၂၀၀၂၊ ၂၀၀၃၊ ၂၀၀၉၊ ၂၀၁၀)
  • ယူအက်စ်အိုးပင်း - ၆ ကြိမ် (၁၉၉၉၊ ၂၀၀၂၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄)

 

Share

Loading Next Article...
က္က