Other Sports: အမေရိကန်တင်းနစ်မယ်တွေသာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်

, updated

ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို စက်တင်ဘာ ၈ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

ယခုနှစ် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်များသာ တွေ့ဆုံမှုဖြစ်လာကြောင်း သိရပါတယ်။

play


ယနေ့ (စက်တင်ဘာ ၇ ရက်) အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စတုတ္ထမြောက် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အမေရိကန်သူ မက်ဒီစန်ကီးစ်က အက်စ်တိုးနီးယားမှ ကန်နီပီကို ၆-၃၊ ၆-၃ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ရာ ဆီမီးဖိုင်နယ်ကို အမေရိကန်တင်းနစ် ၄ ဦး တက်ရောက်နိုင်ခဲ့ပါတယ်။

ယမန်နေ့က ကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အမေရိကန်တင်းနစ်မယ်တွေ ဖြစ်ကြတဲ့ ဗီးနပ်စ်ဝီလျံ၊ ဗင်ဒါဝေဟီနဲ့ စတီဖင်စတို့က အသီးသီး အနိုင်ရရှိပြီ ဆီးမီးဖိုင်နယ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။


ဗီးနပ်စ်က ချက်တင်းနစ်မယ် ကေဗီတိုဗာကို ၆-၃၊ ၃-၆၊ ၇-၆ ဖြင့်လည်းကောင်း၊ စတီဖင်စ်က လတ်ဗီးယားသူ ဆီဗက်စ်တိုဗာကို ၆-၃၊ ၃-၆၊ ၇-၆ ဖြင့်လည်းကောင်း၊ ဗန်ဒါဝေဟီက ချက်တင်းနစ်မယ် ပီလစ်ကိုဗာကို ၇-၆၊ ၆-၃ ဖြင့်လည်းကောင်း အနိုင်ရခဲ့ပါတယ်။

ယခုနှစ် ယူအက်စ်အိုးပင်းမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အမေရိကန် တင်းနစ်မယ်များအနက် ဗီးနပ်စ်တစ်ဦးတည်းသာ ဂရင်းဆလင်းအဆင့် ချန်ပီယံဆုဖလားကို ရရှိထားသူလည်း ဖြစ်ပါတယ်။

play


ဗီးနပ်စ်က ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တို့မှာ ဝင်ဘယ်ဒန်ချန်ပီယံဆုနဲ့ ၂၀၀၀၊ ၂၀၀၁ ခုနှစ်တို့မှာ ယူအက်စ်အိုးပင်းချန်ပီယံဆု ရရှိထားပါတယ်။ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို စက်တင်ဘာ ၈ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များ

  • ဗီးနပ်စ်ဝီလျံ vs စတီဖင်စ် (စက်တင်ဘာ ၈ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅း၃၀)
  • ဗန်ဒါဝေဟီ vs မက်ဒီဆန်ကီးစ် (စက်တင်ဘာ ၈ ရက်၊ မြန်မာစံတော်ချိန် ည ၇း၀၀)
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ