Other Sports: ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ စတီဖင်စ်နဲ့ကီးစ် တွေ့ဆုံ

, updated

ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်မယ်များသာ တွေ့ဆုံယှဉ်ပြိုင်မှု ဖြစ်ခဲ့ပါတယ်။

play
စလိုအာနီ စတီဖင်စ်


ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဆလုန်း စတီဖင်စ်နဲ့ မက်ဒီဆန်ကီးစ်တို့ အသီးသီး အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ကမ္ဘာ့အဆင့် ၈၃ မှာ ရပ်တည်နေတဲ့ စတီဖင်စ်က ဝါရင့်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံကို ၆-၁၊ ၀-၆၊ ၇-၅ ဖြင့် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။


တင်းနစ်မယ် စတီဖင်စ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၁၁ လကြာ အနားယူခဲ့ရပြီးနောက် ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ တင်းနစ်ပြန်ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

"ဖိုင်နယ်တက်နိုင်ခဲ့တဲ့ ကျွန်မရဲ့ခံစားချက်ကို ရှင်းပြဖို့အတွက် စကားလုံးမရှိပါဘူး၊ ကျွန်မ ဆီမီးဖိုင်နယ်ကို ဘယ်လို အနိုင်ရခဲ့တယ်ဆိုတာ မသိတော့ပါဘူး" လို့ စတီဖင်စ်က ဖွင့်ဟခဲ့ပါတယ်။

play
မက်ဒီဆန်ကီးစ်


အခြား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ မက်ဒီဆန်ကီးစ်က ဗန်ဒါဝေဟီကို ၆-၁၊ ၆-၂ ဖြင့် ပွဲငယ်နှစ်ပြတ် အနိုင်ရရှိခဲ့ပါတယ်။ ယခုနှစ် ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်မယ်များသာ တွေ့ဆုံယှဉ်ပြိုင်မှု ဖြစ်ခဲ့ပါတယ်။

စတီဖင်စ်နဲ့ မက်ဒီဆန်ကီးစ်တို့အတွက် ဂရင်းဆလင်းအဆင့်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းဟာ ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၉ ရက်၊ မြန်မာစံတော်ချိန် မနက် ၂း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ