Other Sports: ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ နာဒယ်နဲ့ အန်ဒါဆန်တို့ တွေ့ဆုံ

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲကို စက်တင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

နာဒယ် vs ဂျူအန်မာတင် (ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်) Highlight


သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ နာမည်ကြီး တင်းနစ်ကစားသမား ရာဖေးနာဒယ်နဲ့ ကီဗင်အန်ဒါဆန်တို့ အသီးသီး အနိုင်ရရှိပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တောင်အာဖရိက တင်းနစ်ကစားသမား အန်ဒါဆန်က စပိန်မှ ပက်ဘလို ကာရင်နိုဘက်စတာကို ၄-၆၊ ၇-၅၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ဂရင်းဆလင်းအဆင့် ပြိုင်ပွဲတစ်ရပ်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။

play


အသက် ၂၆ နှစ်အရွယ် အန်ဒါဆန်ဟာ လက်ရှိ ကမ္ဘာ့အဆင့် ၃၂ မှာ ရပ်တည်နေသူ ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ဂရင်းဆလင်းအဆင့် ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး တောင်အာဖရိက တင်းနစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အခြား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ နာဒယ်ကတော့ လက်ရှိ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဖြစ်ပြီး ဂရင်းဆလင်းအဆင့် ချန်ပီယံဆုကို ၁၅ ကြိမ်အထိ ရရှိထားသူဖြစ်ပြီး ယူအက်စ်အိုးပင်းချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပါတယ်။

ယခုနှစ် ယူအက်စ်အိုးပင်းမှာလည်း အသက် ၃၁ နှစ်အရွယ် စပိန်တင်းနစ်ကစားသမား နာဒယ်ကို နိုင်ခြေအဆင့် အမြင့်ဆုံးအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

play


ယနေ့ အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ နာဒယ်က အာဂျင်တီးနား တင်းနစ်ကစားသမား ဂျူအန်မာတင် ဒဲလ်ပေါ့ထရိုကို ၄-၆၊ ၆-၀၊ ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

"ဒီနေ့ပွဲရဲ့ပထမပွဲငယ်အပြီးမှာ ကျွန်တော် ကစားပုံပြောင်းခဲ့ပါတယ်၊ ဒါက တစ်ကယ်အလုပ်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော် အရမ်းပျော်ပါတယ်" လို့ နာဒယ်က ပြောပါတယ်။

play


ဂရင်းဆလင်းပြိုင်ပွဲ အတွေ့အကြုံများတဲ့ နာဒယ်အတွက် ဗိုလ်လုပွဲစဉ်မှာ အတွေ့အကြုံနည်းသူ အန်ဒါဆန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ချန်ပီယံဆုအတွက် အခြေအနေကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

နာဒယ်ဟာ ယူအက်စ်အိုးပင်းမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါက ၎င်းရဲ့ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းဆလင်းချန်ပီယံဆု ၁၆ ကြိမ်မြောက် ဆွတ်ခူးနိုင်မှုလည်း ဖြစ်လာမှာပါ။

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲကို တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မြန်မာစံတော်ချိန် မနက် ၂း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ